Sunday, April 30, 2017

နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်၍ နေအိမ်များအမိုးလန်ပျက်စီး

Image may contain: house, tree, sky, plant, outdoor and nature
နမ့်စန် ဧပြီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာအုပ်စုတွင် ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၁၅ မိနစ်ခန့်အတွင်း လေပြင်းများတိုက်ခတ် မှုကြောင့် နေအိမ်အဆောက်အအုံများ အမိုးလန်ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဟိုက်ဖတ် ကျေးရွာအုပ်စုအတွင်းရှိ ဟိုက်ဖတ်ရွာမ၊ နောင်ဖာကျေးရွာ၊ နောင်ဗိန်ကျေးရွာနှင့် ခုတ်လောင်းကျေးရွာတို့တွင် စုစုပေါင်းအိမ်ခြေ ၈ဝ ခန့်၊ အမက ဝမ်မိုင်-၂ ကျောင်း ၏ ကျောင်းဆောင်အဖီ၊ နောက်ခြမ်းနှင့် အိမ်သာနှစ်ခန်းတွဲ နှစ်လုံး၊ နားတုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အမိုးလန် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး နောင်ဗိန် ကျေးရွာနေ အသက်(၅၅)နှစ်အရွယ် ဒေါ်ဂိုလ်မား လက်ဝဲဘက်လက် ကျိုးခဲ့ကာ ဟိုက်ဖတ်ရွာမမှ ဦးကျတား၏ ခိုင်းနွား တစ်ကောင် မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ရာနေရာတွင် နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်မိုးသက်နှင့် အရာရှိ စစ်သည်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်း အဖွဲ့များက ဝိုင်းဝန်း၍သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အပျက်အစီးများရှင်းလင်းခြင်းလုပ်ငန်းများကို ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)

No comments:

Post a Comment