Sunday, April 30, 2017

လောက်ကိုင်တိုက်ပွဲရှောင် အမျိုးသား အမျိုးသမီးများအားသီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှ ကြိုဆိုနေရာချထားပေး

Image may contain: 9 people, outdoor
လားရှိုး ဧပြီ ၂၉
ရှမ်းပြည်နယ် အရှေ့မြောက် လောက်ကိုင်ဒေသ၌ တိုက်ပွဲ များဖြစ်ပွားခဲ့စဉ်က တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံရှိ အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့သည့် မြန်မာနိုင်ငံ သား တိုက်ပွဲရှောင်အမျိုးသား ၁၁ဝ နှင့် အမျိုးသမီး ၅၁ ဦးတို့သည် ဧပြီ ၂၈ ရက် ည ၁၁ နာရီက လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိခဲ့ကြသည်။
အဆိုပါလက်ကျန် လောက်ကိုင်တိုက်ပွဲရှောင် အမျိုး သား အမျိုးသမီးများအား သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပုညနန္ဒကကြိုဆိုနေရာချထားပေးပြီး အစားအသောက်များ ကျွေးမွေးခဲ့သည်။ ဆက်လက်၍ လက်ကျန်လောက်ကိုင် တိုက်ပွဲရှောင်များအား မန်ဆူရှမ်းကျောင်းဆရာတော် ဦးဆောင်လျက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန(လားရှိုး)နှင့် လားရှိုးမြို့မှလူမှုကူညီရေးအဖွဲ့ များ၊ စေတနာရှင်များက ထမင်းထုပ်များ၊ စားသောက်ဖွယ် ရာများ၊ ရေသန့်ဘူးများ၊ အဝတ်အထည်များနှင့် ထောက် ပံ့ငွေများကို ပေးအပ်ကူညီပြီး ယင်းတို့၏နေရပ်ဒေသများသို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဧပြီ ၂၉ ရက် နံနက် ၈ နာရီတွင် မော်တော်ယာဉ်ကြီးသုံးစီးဖြင့် ပြန်လည်ထွက်ခွာသွားကြ ကြောင်း သိရသည်။
(သီပေါကိုလတ်)

No comments:

Post a Comment