
ရန်ကုန် ဧပြီ ၂၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (၁/၂ဝ၁၇)ကြိမ်မြောက် တက္ကသိုလ်ကောင်စီအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အဆိုပါ တက္ကသိုလ်ဟောပြောခန်းမ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ က သြဝါဒကထာမြွက်ကြားချီးမြှင့်တော် မူသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကောင်စီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တက္ကသိုလ်၏ သင်ကြား/ စီမံရေးရာကိစ္စရပ်များကို တင်ပြလျှောက်ထားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် မော်ကွန်းထိန်းက (၁/၂ဝ၁၆) ကြိမ် မြောက် အစည်းအဝေးမှတ်တမ်း၊ ပါရဂူ တန်း(PhD)(ဗုဒ္ဓဓမ္မ)ဘွဲ့ အောင်မြင်ပြီး သူများစာရင်းနှင့် မဟာဝိဇ္ဇာ(MA)(ဗုဒ္ဓဓမ္မ)ဘွဲ့ အောင်မြင်ပြီးသူများစာရင်း ကို ကောင်စီက အတည်ပြုနိုင်ရန် တင်ပြ လျှောက်ထားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ် ဆရာတော်နှင့် ဌာနကြီးမှူး ဆရာတော် များ၊ ပြင်ပတက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ တက္ကသိုလ်ကောင်စီဝင်များက တက္ကသိုလ်၏ သင်ကြား/စီမံရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပညာရှင်များအား သက်တမ်းတိုးခန့်ထား နိုင်ရေးနှင့် ကျန်းမာရေးထောက်ပံ့ပေးရန် ကိစ္စရပ်များကိုလည်းကောင်း၊ အင်္ဂလန် နိုင်ငံရှိ ဘာမင်ဂန်ဗုဒ္ဓဝိဟာရတက္ကသိုလ် အား အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၏ လက်အောက်ခံ Autonomous Branch အဖြစ် အသိအမှတ်ပြုလက်ခံဖွင့်လှစ်ရေး ကိစ္စ နှင့်စပ်လျဉ်း၍လည်းကောင်း၊ သင်ကြား ရေးဆိုင်ရာ ရဟန်းတော်များ၊ သီလရှင် များနှင့် ဆရာ ဆရာမများအား ရာထူး တိုးမြှင့်ရေးအတွက် တက္ကသိုလ်ကောင်စီ ၏ မူဝါဒချမှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။ (သတင်းစဉ်)
No comments:
Post a Comment