Thursday, April 27, 2017

BIMSTEC ၏ (၉) ကြိမ်မြောက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးကျင်းပ

Image may contain: 3 people, indoor
ရန်ကုန် ဧပြီ ၂၆
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများ နည်းပညာနှင့် စီးပွားရေး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ၏ (၉) ကြိမ်မြောက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၆ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Novotelဟိုတယ်၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် Ambassador Sumith Nakandalaနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာ နိုင်ငံ၊ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် Ambassador Sumith Nakandalaတို့က အမှာစကား ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် အဖွဲ့ ဝင်နိုင်ငံများအကြား ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ မှု တိုက်ဖျက်ရေးကဏ္ဍများ ပိုမို တိုးတက်ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပေါ်လာစေရေး အတွက် ဆောင်ရွက်ဆဲလုပ်ငန်း လိုအပ်ချက်များကို ဖော်ထုတ် သုံးသပ်ခြင်း၊BIMSTEC၏ ကြိုးပမ်း ဆောင်ရွက်မှုဖြစ်သည့် ငွေရေးကြေးရေး ကဏ္ဍနှင့် သက်ဆိုင်သည့် Cyber ခြိမ်းခြောက်မှုများ၊ တရားမဝင် ငွေကြေးစီးဆင်းမှုများ၊ ငွေကြေးခဝါချ မှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် သည့် အကောင်အထည်ဖော် ဆောင် ရွက်မှုများ၊ ငွေကြေးခဝါချမှု၊ အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက် ဖျက်ရေးနှင့် ဒေသတွင်း အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့် အဖွဲ့ဝင်နိုင်ငံများ အကြား ခိုင်မာသော ဥပဒေမူဘောင် လုပ်ထုံးလုပ်နည်းများ တိုးတက်စေရေး ရှေ့လုပ်ငန်းစဉ်များချမှတ်ရန် ဆွေးနွေး ခြင်းတို့ကို ဧပြီ ၂၇ ရက်အထိ ကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment