Thursday, March 30, 2017

မီးဘေးသင့် ဘုန်းတော်ကြီးကျောင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အလှူငွေပေးအပ်



Image may contain: 3 people, people standing and indoor
တောင်ကြီး မတ် ၂၉
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီး၊ ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့သည် ယနေ့ နံနက် ၉ နာရီက ရပ်စောက်မြို့နယ် ဗထူးတပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသနေသော အင်းခေါင်းဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်အား သွားရောက်ကြည့်ရှု၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရပ်စောက်မြို့နယ် လွယ်ကိုးကျေးရွာအုပ်စု အင်းခေါင်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သော မီးဘေးသင့်ဘုန်းတော်ကြီး ကျောင်းအတွက် အလှူငွေပေးအပ်ပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အလှူငွေ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဆရာတော်အား လျှောက်ထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း ၁ဝဝ ကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ထို့နောက် ဗထူးတပ်နယ် တပ်နယ်မှူးနှင့် ကျောင်းအုပ်ကြီးတို့မှ အလှူငွေ ကျပ်သိန်း ၂ဝ၊ ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အလှူငွေကျပ် ငါးသိန်း၊ ရပ်စောက်မြို့နယ် NLD ပါတီမှ ဘိလပ်မြေအိတ် ၂ဝဝ တို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး အင်းခေါင်းဘုန်းတော်ကြီး ကျောင်းဂေါပကအဖွဲ့မှ ဦးသိန်းအောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အင်းခေါင်းရေလှောင်ကန်အား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment