Thursday, March 30, 2017

စိတ်ကြွရူးသွပ်ဆေးပြား ၆ဝ၆ဝဝဝ သိမ်းဆည်းရမိ



Image may contain: one or more people and outdoor
ဘားအံ မတ် ၂၉
ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦး ဦးစီးအဖွဲ့၊ ပြည်နယ်မှုခင်းအကူဌာနစုမှ ဒု-ရဲအုပ် အောင်ကျော်သူ ဦးစီးအဖွဲ့၊ ဘားအံမြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်အောင်မျိုးကျော် ဦးစီးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၈ ရက် နံနက် ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါးသတင်းအရ ဘားအံ-လှိုင်းဘွဲကားလမ်း လမ်း/တံတားကောက်ခံရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ် ဘားအံမြို့တွင်းဘက်မှ လှိုင်းဘွဲမြို့ဘက်သို့ မောင်းနှင်လာသော 5J/--- လင့်ခရူဇာအမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ စည်သူမြတ်ဖြစ်ကြောင်းသိရှိရပြီး ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ယာဉ်အားရှာဖွေရာ ယာဉ်မောင်းထိုင်ခုံဝဲဘက်ဘေးမှ SAMSUNG အမျိုးအစား ဆင်းကတ်ပါ အမည်းရောင်လက်ကိုင်ဖုန်းတစ်လုံး၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်တစ်စောင်၊ ယာဉ်နောက်ခန်းမှ UKT စာတန်းပါ အဖြူရောင်ပီနံအိတ်ဖြင့်ထည့်လျက် အဖြူရောင်ပလတ်စတစ်အကြည်အိတ်ဖြင့် ထပ်မံထုပ်ပိုးထားပြီး တစ်ထုပ်လျှင် WY ဆေးပြား ၁ဝဝဝဝ ပါ ၁၈ စည်း၊ ဆေးပြား ၁၈ဝဝဝဝ၊ သရဖူဆန်ကြာဆံအိတ်ဖြင့်ထည့်လျက် အဖြူရောင် ပလတ်စတစ်အကြည်အိတ်ဖြင့် ထပ်မံထုပ်ပိုးထားပြီး တစ်ထုပ်လျှင် WY ဆေးပြား ၁ဝဝဝဝ ပါ(၁၈)စည်း၊ ဆေးပြား ၁၈ဝဝဝဝ၊ အဖြူရောင်ပီနံအိတ်ဖြင့် ထည့်လျက် အဖြူရောင်ပလတ်စတစ်အကြည်အိတ်ဖြင့် ထပ်မံထုပ်ပိုးထားသော WY စိတ်ကြွရူးသွပ်ဆေးပြား ၂၄၆ဝဝဝ ပါတစ်အိတ် စုစုပေါင်း WY စိတ်ကြွဆေးပြား ၆ဝ၆ဝဝဝ အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်မူးယစ်ဆေးဝါးများအား လက်ဝယ်ထား သုံးစွဲဖြန့်ဖြူးရောင်းချသူ စည်သူမြတ် မဟာဇေယျလမ်း အမှတ်(၇)ရပ်ကွက် ရေကျော်ရပ် ပုဇွန်တောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူအား ဘားအံမြို့မရဲစခန်းက မယ(ပ)၂၈/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment