Thursday, March 30, 2017

ရှန်ဟိုင်းရှန်ဟွာအသင်းအိမ်ကွင်း ဟောင်ကူး အားကစားကွင်းကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား



Image may contain: outdoor
ရှန်ဟိုင်းရှန်ဟွာအသင်း အိမ်ကွင်း ဟောင်ကူးအားကစားကွင်းကြီးတွင် မတ်၂၈ ရက် နံနက်အစောပိုင်းက ကြီးမားပြင်းထန်သည့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံအရှေ့ပိုင်း ဟောင်ကူးခရိုင် ဒေသဆိုင်ရာ အာဏာပိုင်များ၏ အတည်ပြုချက်အရ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲအချိန်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဟောင်ကူးကွင်းအနီးတစ်ဝိုက်ရှိ လမ်းများပေါ်တွင် ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သို့သော် မီးလောင်မှုကြောင့် မည်သူတစ်ဦး တစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိသလို မီးသတ်တပ်ဖွဲ့ များ ရောက်ရှိလာပြီးနောက် မရှေးမနှောင်းမှာပင် မီးကို အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုဖြစ်စဉ်ကို အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်ကို ထုတ်ပြန်နိုင်ခြင်းမရှိသေးသော်လည်း ရဲတပ်ဖွဲ့ဝင်များကမူ ကွင်းအတွင်း ကျောက်ဆောင်မြင့် အဆောက်အအုံက စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ရှန်ဟိုင်းရှန်ဟွာအသင်းသည် တရုတ်စူပါလိဂ် အမှတ်ပေးဇယား အဆင့်(၄)နေရာတွင် ရပ်တည်နေပြီး လာမည့် ဧပြီ ၁၆ ရက် ချန်ကျောင်းယင်ထိုင်း အသင်းနှင့် ကစားမည့် ပွဲစဉ်မတိုင်မီ ကွင်းပြင်ဆင်မှု အပြီးမသတ်နိုင်ပါက ကြားကွင်းတစ်ကွင်းတွင် ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။
ဟောင်ကူးကွင်းကြီးသည် ပထမဦးဆုံး တရုတ် ပရော်ဖက် ရှင်နယ်ကွင်းကြီးဖြစ်ပြီး ၁၉၉၉ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့သည်။ ရှန်ဟိုင်းရှန်ဟွာအသင်းသည် ကမ္ဘာ့ လုပ်ခလစာ အများဆုံး ကားလို့စ်တိဗက်ဇ်ကို တစ်ပတ် လုပ်ခပေါင် ၆၅ဝဝဝဝ ပေးချေနေသည့် အသင်းအဖြစ် လူသိများပြီး ဒမ်ဘာဘာ၊ မာတင်စ်နှင့် ဂူအင်တို့ကဲ့သို့ နာမည်ကျော် ကစားသမားများကစားနေသည့် အသင်းအဖြစ်လည်း ဖြစ်သည်။
မေလဲ့သင်း - စုစည်းသည်

No comments:

Post a Comment