Friday, March 3, 2017

ကဘူးလ်မြို့အနောက်ပိုင်း ရဲစခန်းတိုက်ခိုက်မှု လုံခြုံရေးကောင်စီ ပြစ်တင်ရှုတ်ချ

နိုင်ငံတကာသတင်း
ဂျီနီဗာ မတ် ၂ 

မတ် ၁ ရက်က ဖြစ်ပွားသော လူ ၁၅ ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုအား သူရဲဘောကြောင်သော အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ပြစ်တင်ရှုတ်ချလိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့ သည်။
ကဘူးလ်မြို့အနောက်ဘက် ရဲစခန်း တစ်ခုအား ဝင်ရောက်တိုက်ခိုက်မှုမှာ ¤င်းတို့၏ လက်ချက်ဖြစ်ကြောင်း တာလီဘန် အကြမ်းဖက်အဖွဲ့က ကြေညာ ထားကြောင်း သိရသည်။
တာလီဘန်၊ အယ်လ်ခိုင်ဒါ၊ အိုင်အက်စ်နှင့် အခြားလက်နက်ကိုင် အဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် ဒေသတွင်း ပြည်သူများ၊ တပ်မတော် အင်အားစုများ လုံခြုံရေးတပ်ဖွဲ့များနှင့် အာဖဂန်ရှိနိုင်ငံတကာ အဖွဲ့အစည်းများ အတွက် စိုးရိမ်စရာဖြစ်ခဲ့ကြောင်း လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများက အကြိမ်များစွာ ထုတ်ဖော်ပြောဆိုခဲ့ ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အကြမ်းဖက်ဝါဒကို ကူညီ ထောက်ပံ့နေသူများ ငွေကြေးထည့်ဝင် နေသူများ၊ အဖွဲ့အစည်းများနှင့် ပါဝင် ပတ်သက်နေသူများအားလုံးကို တရား ဥပဒေရှေ့မှောက် အရောက်ပို့ဆောင် ရန်လိုကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများက ပြောခဲ့သည်။ ထို့အပြင် အာဖဂန်နစ္စတန် အာဏာပိုင်များနှင့် ပူးပေါင်းပြီး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို နိုင်ငံတကာဥပဒေ အတိုင်း အရေးယူမှုများလုပ်ဆောင် သွားရန် နိုင်ငံများအား တိုက်တွန်း ကြောင်း အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်း ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။ (ဆင်ဟွာ)

No comments:

Post a Comment