
ရန်ကုန် မတ် ၆
သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး ပထမနေ့ ကို ယနေ့နံနက် ၈နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်း မြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး၌ စတင်ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိ ဆရာတော်အဖြစ် ဆောင်ရွက်တော် မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏိကာဘိဝံသက အခမ်းအနားမှူးဆရာတော်အဖြစ် ဆောင်ရွက်တော်မူကြသည်။
ယင်းနောက် ဆရာတော်များက ''သာသနဿစ လောကဿ ဝုဍ္ဎိ ဘဝ တု သဗ္ဗဒါ''အစချီ နှစ်ဂါထာကိုရွတ် ဆို၍ အခမ်းအနားကို ဖွင့်လှစ်တော် မူကြပြီး အစည်းအဝေးကျင်းပမည့် တပေါင်းလဆန်း(၉၊၁ဝ၊၁၁)ရက်၊ မတ် (၆၊၇၊၈)ရက် အစည်းအဝေး အစီ အစဉ်ကို အစည်းအဝေးကြီး၏ အတည်ပြုချက်ကို ရယူသည်။
ယင်းနောက် နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများ၏ သြဝါဒ ကထာများကို နာယူကြပြီး အစည်း အဝေးသဘာပတိ အဘိဓဇမဟာရဋ္ဌ ဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိ က ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယသြဝါဒ ကထာကို မြွက်ကြားတော်မူသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်များ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်နှင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များ၏ ဘွဲ့ အမည်စာရင်းကို တင်သွင်း၍အတည် ပြုချက်ရယူသည်။
ယင်းနောက် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသက တင်သွင်း လျှောက်ထားသည်။
မွန်းလွဲပိုင်း အစီအစဉ်တွင် တစ်နှစ်တာကာလအတွင်း ပျံလွန် တော်မူကြသော နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများအတွက် သံဝေဂဥာဏ်ပွား တော်မူကြောင်း မှတ်တမ်းတင်သည်။
ထို့နောက် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျယ်ကို သက်ဆိုင်ရာ ဆရာတော်များက ကဏ္ဍအလိုက် ဖတ်ကြားတင်သွင်းပြီး ပထမနေ့ အစည်းအဝေးကို ရပ်နားလိုက်သည်။
ယနေ့အစည်းအဝေးသို့ ကြွရောက် တော်မူလာကြသည့် ဆရာတော်ကြီး များကို အလှူရှင် ဦးသိန်းမောင်၊ ဒေါ်ပါးပါး စန္ဒီပရဆေးမိသားစုက တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment