နိုင်ငံတကာသတင်း
ကွာလာလမ်ပူ မတ် ၂
မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် လုပ်ကြံခံရမှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ဖမ်းဆီးခဲ့သည့် မြောက်ကိုရီးယားနိုင်ငံသားကို မတ် ၃ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်ဟု မလေးရှား ရှေ့နေချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
ကင်ဂျုံနမ်လုပ်ကြံခံရမှုတွင်ပါဝင်သည်ဟုဆိုကာ မြောက်ကိုရီးယားနိုင်ငံသား ရီဂျုံချူအား ဖမ်းဆီးခဲ့သော်လည်း ¤င်းအား အရေးယူနိုင်လောက်သည့် အထောက် အထား အခိုင်အမာမရှိခြင်းကြောင့် ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း ရှေ့နေချုပ် မိုဟာမက်အပန်ဒီအလီက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ထို့အပြင် မလေးရှားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံသားများအတွက် ပေးအပ် ထားသည့် ဗီဇာကင်းလွတ်ခွင့်ကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ၄င်းတို့သည် မလေးရှားနိုင်ငံသို့ ဝင်ရောက်မည်ဆိုပါက ဗီဇာရယူရန်လိုအပ်လာ တော့မည်ဖြစ်သည်ဟု ဆိုသည်။
ပြည်ဝင်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လာမည့် ရက်သတ္တပတ် တနင်္လာနေ့တွင် စတင်ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု မလေးရှား ဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီ၏ ပြောကြားချက်ကို မလေးရှားနိုင်ငံပိုင် ဘာနာမာသတင်း အေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။ ကွာလာလမ်ပူလေဆိပ်၌ မြောက်ကိုရီးယားခေါင်းဆောင်၏အစ်ကို လုပ်ကြံခံရမှုဖြစ်ပွားခဲ့ပြီးသည့်နောက် တွင် မလေးရှားနိုင်ငံ ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
(အင်န်အိတ်ခ်ျကေ)
No comments:
Post a Comment