Sunday, March 5, 2017

မောင်တောမြို့နယ် ရွှေဗဟို နတလစံပြကျေးရွာသို့ နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



Image may contain: 1 person, crowd and outdoor
မောင်တော မတ် ၎
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများသည် မတ် ၄ ရက် နံနက် ၇ နာရီတွင် မောင်တောမြို့နယ် ရွှေဗဟို နတလစံပြကျေးရွာသို့သွားရောက်၍ နယ်လှည့်ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများကို ကျေးရွာအဝင် ကားလမ်းဘေး၌ ဆောင်ရွက်သည်။
အသိပညာပေးလုပ်ငန်းများအဖြစ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်နှင့် စာပေနှင့် စာကြည့်တိုက် တန်ဖိုးအကြောင်း ဟောပြောခြင်း၊ စာကြည့်တိုက် ထူထောင်ရန် စာအုပ်စာစောင်များ လှူဒါန်းခြင်း၊ အသိပညာပေး လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကလေးငယ်များအား အာဟာရအဖြစ် ကောက်ညှင်းပေါင်းကျွေးခြင်း၊ ဖျော်ဖြေရေးနှင့် အသိပညာ ဗဟုသုတရရှိစေရန် ဗီဒီယိုခွေနှင့် သီချင်းခွေများ လှူဒါန်းခြင်း၊ ကလေးငယ်များ၊ တီထွင်ဖန်တီးမှုနှင့် ဉာဏစွမ်းရည် ဖွံ့ဖြိုး၍ ပျော်ရွှင်ရေးအတွက် ရောင်စုံ စက္ကူခေါက်အရုပ်များနှင့် ပုံစံမျိုးစုံပါ ရောင်စုံလေပူဖောင်းများ လက်ဆောင်ပေးခြင်း၊ ကလေးများအား ပုံပြင် ပြောပြခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ ကျေးရွာ၏ စီးပွားရေး၊ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဘာသာရေးအခြေအနေများကိုလည်း ပညာပေးလုပ်ငန်းသို့ ရောက်ရှိလာကြသူများနှင့် အုပ်စုအုပ်ချုပ်ရေးမှူး ကျေးရွာခေါင်းဆောင်ထံမှ မေးမြန်းခဲ့ ကြသည်။
ပြန်/ဆက် ဝန်ထမ်းများနှင့်အတူ မောင်တောမြို့ အရေးပေါ်ကူညီရေး၊ ကူညီထောက်ပံ့ရေး ကော်မတီ မှ ပြန်ကြားရေးတာဝန်ခံ နိရဉ္စရာ သတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်မင်းကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
ပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းသို့ ရွှေဗဟို နတလစံပြကျေးရွာမှ ကျေးရွာသူကျေးရွာသားများ၊ ရွှေဗဟို ကျေးရွာသို့ ယာယီပြောင်းရွှေ့ရောက် ရှိနေထိုင်ကြသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု မြိုနှင့် ဒိုင်းနက် တိုင်းရင်းသား ရွာသူ ရွာသားများ စုစုပေါင်း ၂၅ဝ ခန့် တက်ရောက်ကြပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment