Sunday, March 5, 2017

မောင်တောမြို့နယ် ကျေးရွာများသို့ မလေးရှားနိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့လှူဒါန်း



Image may contain: 10 people, people standing, wedding and outdoor
မောင်တော မတ် ၎
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် မလေးရှားနိုင်ငံမှ ပေးပို့လှူဒါန်းသည့် စားသောက်ကုန်၊ ရေနှင့်အသုံးအဆောင်ပစ္စည်းများအား နွားရုံတောင်၊ ဖားစားရွာ၊ စပယ်ကုံး၊ ဒုံးပိုက်၊ ဝက်ကျိန်း၊ သက်ကိုင်ညာ၊ ရေနောက်ငါးသား၊ တမန်းသားကျေးရွာများနှင့် ခမောက် ဆိပ်မြို့များသို့ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့သည်။
ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် မောင်တော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် များစွာအရေးပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိစေရန် ဒေသခံများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှသာလျှင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုလည်း လေးစားလိုက်နာရန်လိုအပ်ကြောင်း ပြောကြားပြီး UN ၊ UNHCR နှင့် တာဝန်ရှိသူ အဆင့်ဆင့်တို့က ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပစ္စည်းများလက်ခံရရှိမှု၊ စာရင်းဇယားပြုစု ထားရှိမှုနှင့် ဆက်လက်ဖြန့်ဝေသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
မလေးရှားနိုင်ငံမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းများမှာ မောင်တောခရိုင် စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်များအတွက် ဆန်အိတ် ၆ဝဝဝ၊ ခေါက်ဆွဲ ၁၈၄၆ ဖာ၊ ရေသန့် ၉၇၅ ဖာ၊ သွားတိုက်ဆေး ၁ဝဝ ဖာ၊ သွားတိုက်တံ ၃၆ ဖာ၊ မျက်နှာသုတ်ပဝါ ၉၄ ဖာ၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာ မှုန့် ၅၆၂ ဖာ၊ ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီး ၈ ဖာ၊ အမျိုးသမီးသုံး ပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ၅ဝ ဖာ၊ လက်သည်း ညှပ် ၉ ဖာ၊ ဖိနပ်ထုပ် ၅ဝ တို့ကို ကျေးရွာများသို့တစ်ဆင့် ပေးပို့လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အေးမြ(မန္တလေး)၊ အေးမင်းသူ

No comments:

Post a Comment