Friday, March 31, 2017

မြန်မာအကအခြေခံကဗျာလွတ်အက (ပထမအဆင့်)ဆင့်ပွားနည်းပြသင်တန်းဆင်း



Image may contain: 3 people, indoor
နေပြည်တော် မတ် ၃ဝ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) သင်တန်း ဆင်းပွဲကို မတ် ၂၉ ရက် နံနက် ၁ဝ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမျိုးသား ယဉ်ကျေးမှုအစသည် စာသင်ကျောင်းများမှာပဲ သန္ဓေတည်ကြောင်း၊ ခေတ်မီတိုးတက်လာသည့် အိုင်တီ နည်းပညာများကြောင့် ပေါ်ပေါက်လာသော ယဉ်ကျေးမှုထိုးနှက်မှုများကို မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာ များနှင့်ပြန်လည် ကြံ့ကြံ့ခံကြရမည် ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအတွင်းမှာသာမက မြန်မာတစ်နိုင်ငံလုံးမှာ မြန်မာအကများ စနစ်တကျ မှန်မှန် ကန်ကန်ရှိစေရန်အတွက် ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်သည်ဟုခံယူပြီး မိမိတို့ လေ့ကျင့်သင်ယူခဲ့သည့် ကဗျာလွတ် ကကွက်များကို မိမိတို့ တာဝန်ထမ်းဆောင်သည့် ကျောင်းနှင့်နီးစပ်ရာ ပတ်ဝန်းကျင်များတွင် စနစ်တကျ ဆက်လက်ဖြန့်ဝေ သင်ကြားပေးကြရန် ဖြစ်ကြောင်း။
သင်တန်းဆင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ အခြေခံပညာကျောင်း ဆရာ၊ ဆရာမ စုစုပေါင်း ၁ဝဝ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက အဖွဲ့လိုက်အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသော အဖွဲ့များ၊ အထူးဆု ရရှိသူများ၊ အမျိုးသားကဗျာလွတ် ဆုရရှိသူများ၊ ဆုရရှိသည့်အဖွဲ့ကို သင်ကြားပေးသည့် နည်းပြများအား ဆုပေးအပ်ခြင်းနှင့်အတူ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment