Wednesday, March 1, 2017

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တပ်မတော်မှ သတင်းစာရှင်းလ

င်းImage may contain: one or more people, people sitting and indoor


နေပြည်တော် ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မုံးကိုးဖြစ်စဉ်များနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများကို အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဘုရင့်နောင်ရိပ်သာ၌ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ရှင်းလင်းပြောကြားသည်။
သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁ဝရက်တွင် ဖုန်တာရွှင်သည် ကိုးကန့်ဒေသအတွင်းသို့ ပြန်လည် အခြေချလှုပ်ရှားနိုင်ရန်နှင့် မုံးကိုး၊ ဖောင်းဆိုင်နယ်မြေအတွင်း အခြေခံ နယ်မြေတည်ဆောက်ရန် KIA? MNDAA ၊ TNLA အင်အား ၁ဝဝဝ ခန့်ဖြင့် တပ်ပေါင်းစုအမည်ခံ၍ လှုပ်ရှားဆောင်ရွက်ရန် ညှိနှိုင်းစီစဉ် ခဲ့သည်ကို သတင်းရရှိခဲ့ပါကြောင်း၊ နိုဝင်ဘာ ဒုတိယပတ်တွင် MNDAA အဖွဲ့မှ ဖုန်တာရွှင် ခေါင်းဆောင်သော အင်အား ၃ဝဝခန့် က ဟုံအိုင်မှ မုံးကိုးနယ်မြေအတွင်းသို့ ရောက်ရှိပြီး မုံးကိုးဒေသအား သိမ်းပိုက်ရန်နှင့် မူဆယ်မြို့အား စီးနင်းတိုက်ခိုက်ရန် စီစဉ်ဆောင်ရွက် ခဲ့ပါကြောင်း၊ နိုဝင်ဘာလ ၂ဝ ရက်တွင် မုံးကိုးစခန်းသို့ KIA နှင့် MNDAA တို့ အင်အား ၂ဝဝ ခန့်က လေးနေရာခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပါကြောင်း၊ ထို့ပြင် မန်ကန်စခန်း၊ ဖောင်းဆိုင်စခန်း၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ်တပ်စခန်း၊ မူဆယ်ရဲကင်း၊ ကြူကုတ် (ပန်ဆိုင်း)စခန်း၊ နမ့်ပေါ်တံတား၊ မုံးပေါ်စခန်းတို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ပါကြောင်း၊ နိုဝင်ဘာ ၂၂ ရက်တွင် မုံးကိုးစခန်းသို့ ထပ်မံတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် အင်အား ၅ဝဝ ခန့် သာလွန်အင်အားအသုံးပြုပြီး အနီးကပ်တိုက်ပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ မြေဖြတ်ကျင်းများ ပိတ်ဆို့ဆောင်ရွက်ခဲ့ ပါကြောင်း၊ KIA ၊ MNDAA ၊ TNLA ၊ AA တို့ ပူးပေါင်း အဖွဲ့များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း၊ တံတားများမိုင်းခွဲဖျက်ဆီးခြင်းများကြောင့် ဒေသခံပြည်သူများ သေဆုံးပြီး ဒဏ်ရာရရှိခဲ့ပါကြောင်း။
လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင်လည်း ကုန်တင်ယာဉ်များအား မီးရှို့ခြင်း၊ လမ်းကြောင်းပိတ်ဆို့ခြင်းများ ခုနစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်းနှစ်ဦးနှင့် အပြစ်မဲ့ပြည်သူနှစ်ဦးတို့အား အကြောင်းမဲ့သတ်ဖြတ်ခဲ့ပါကြောင်း၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို ငါးရက်ကြာတိုက်ခိုက်မှုကြောင့် ကုန်စည်စီးဆင်းမှု ရပ်နားခဲ့ရပြီး ငါးရက်တာကာလအတွင်း တိုင်းပြည်အတွက် ဒေါ်လာသန်း ၉ဝ ဒသမ ၅၅၅ ထိခိုက်နစ်နာခဲ့ပါကြောင်း၊ မုံးကိုးဒေသသည် မဟာဗျူဟာအရ အရေးပါသောနေရာ ဖြစ်ပါကြောင်း၊ မုံးကိုးဒေသကိုရရှိပါက တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်းကို ခြိမ်းခြောက်နိုင်မည် ဖြစ်ခြင်း၊ တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ထားပါက တပ်မတော်စစ်ကူ၊ စစ်ကြောင်းများရောက်ရှိရန် ကြန့်ကြာနိုင်ခြင်း၊ နယ်စပ်ဒေသဖြစ်၍ မိမိလက်နက်ကြီးဖြင့် လေကြောင်းပစ်ကူပေးရန် ကန့်သတ်ချက်များရှိနိုင်ခြင်းတို့ကို သုံးသပ်၍ မြောက်ပိုင်းမဟာမိတ် အဖွဲ့အနေဖြင့် မုံးကိုးဒေသကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်ပါကြောင်း။
သို့သော်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသခံပြည်သူများဘဝ လုံခြုံစိတ်ချမှုရှိစေရေး၊ နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားများ မထိခိုက်စေရေး၊ နိုင်ငံတော်၏ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ဥပဒေနှင့်အညီ သာယာဖြောင့်ဖြူးစွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မုံးကိုးနယ်မြေအား ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစပြီး စစ်ဆင်ရေးနှင့် လုံခြုံရေးများကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံဖြင့် စုစည်းထားသည့် တပ်မတော် အနေဖြင့် မည်သည့် ခွဲခြားမှုမျှမရှိဘဲ နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးမှုနှင့် တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွား တိုးတက်မှုကို ကျရာအခန်းကဏ္ဍမှ အဓိကဖော်ဆောင်သွား မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် နောက်ကြောင်း ပြန်တောင်းဆိုမှုများထက် အနာဂတ်ကို မြော်တွေးပြီး ပြည်သူလူထု၏ အလိုအပ်ဆုံးသော ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့ပြင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက မုံးကိုးဒေသတွင် ၁၉၆၇ ခုနှစ်မှစ၍ ဗကပတို့ လှုပ်ရှားခဲ့မှု၊ ၁၉၈၅ခုနှစ်တွင် တစ်ဖက်နိုင်ငံမှ အကူအညီဖြတ်တောက်ခဲ့သည့်အတွက် စစ်ရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့တွင် ဗကပတို့ သြဇာကျဆင်းခဲ့မှု၊ ဖုန်အုပ်စုနှင့် ရန်အုပ်စု အရေးအခင်း ဖြစ်ပွားခဲ့မှု၊ လောက်ကိုင်အရေးအခင်းဖြစ်ပွားခဲ့မှု၊ ဖုန်ကြားရှင်အား နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မှု၊ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း လောက်ကိုင်ဒေသသို့ လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မှု၊ MNDAA အဖွဲ့ မုံးကိုးဒေသသို့ ဝင်ရောက်လှုပ်ရှားခဲ့မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရစခန်းတို့အား အကြမ်းဖက်သမားများ ဝင်ရောက် စီးနင်းခဲ့မှု၊ ယင်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှုနှင့် လက်နက်မျိုးစုံဆုံးရှုံးခဲ့မှု၊ အကြမ်းဖက်သမားများ ဖမ်းဆီးရရှိမှု၊ နိုဝင်ဘာ ၁၂ ရက်တွင် တပ်မတော်နှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းမှ မယင်းတောင် ကျေးရွာရောက်ရှိစဉ် အကြမ်းဖက်သမားများနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့မှု၊ ဂွဆုံကျေးရွာအနီး အကြမ်းဖက်သမား ၈ဝဝ ခန့်က တပ်မတော်စစ်ကြောင်းအား ဝိုင်းပတ်တိုက်ခိုက်ခဲ့သဖြင့် ယာယီတပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့မှုနှင့် စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့မှု။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် မောင်တောဒေသတွင် လှုပ်ရှားခဲ့သည့် Aqa Mul Mujahidin အဖွဲ့၏ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ဦးဆောင်သူမှာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာနေ ဟာဗစ်တူဟာရ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များထံ ခြောက်လသင်တန်း တက်ရောက်ခဲ့သူ ဖြစ်ကြောင်း၊ ဟာဗစ်တူဟာရ်က လူမှုကွန်ရက်မှတစ်ဆင့် ဝါဒဖြန့်ဗီဒီယိုများ ထုတ်လွှင့်ခဲ့မှု၊ မောင်တောဒေသတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုဖြစ်စဉ်များ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများအတွင်း ဌာနဆိုင်ရာ နှင့် ပညာရေးဝန်ထမ်းများအား ရဟတ်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးခဲ့မှု၊ မောင်တောမြို့နယ်အတွင်းရှိ ဒေသခံများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက် တွေ့ဆုံအားပေးခဲ့မှု၊ ပြည်ပနိုင်ငံသတင်းမီဒီယာများနှင့် အဖွဲ့အစည်းများ၏ တစ်ဖက်သတ်စွပ်စွဲဖော်ပြချက်များ၊ ဂျီနီဗာအခြေစိုက်လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးရုံး၏ အစီရင်ခံစာထုတ်ပြန်ခဲ့မှု၊ ပြည်ပနိုင်ငံအချို့မှ အစိုးရအဖွဲ့၊ ပါတီအဖွဲ့အစည်းများ၊ မြန်မာသံရုံးများရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ မှုများ၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အကြံပေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များရှိ၊ မရှိ စုံစမ်းစစ်ဆေးရန်အတွက် တပ်မတော်စစ်ဆေး ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှု၊ မစ္စတာ ကိုဖီအာနန် ဦးဆောင်သောအဖွဲ့ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ၊ ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ၊ သံရုံးသံတမန်များနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များ မောင်တောဒေသသို့ ရောက်ရှိစဉ် တွေ့ရှိချက်များ၊ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဒေသခံများနှင့် တွေ့ဆုံ မေးမြန်းချက်၊ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားချက်များ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေသုံးသပ်တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာ များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment