Thursday, February 2, 2017

သမ္မတထရန့်၏ မွတ်စလင်များအား ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် ယာယီသာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျွန်ကီလီဆို



Image may contain: 1 person, suit
ဝါရှင်တန် ဖေဖော်ဝါရီ ၁
သမ္မတထရန့်၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိကန်နိုင်ငံခုနစ်နိုင်ငံမှ ပြည်သူများအား အမေရိကန်နိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် အမိန့်ကြေညာ ချက်သည် ပြည်တွင်းလူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြန်လည်ဆန်းစစ်နိုင်ရန် ယာယီပိတ်ပင်မှုသာဖြစ်ကြောင်း အမေရိကန်ပြည်ထဲရေးဝန်ကြီး ဂျွန်ကီလီက ပြောကြားခဲ့သည်။
ဝန်ကြီးဂျွန်ကီလီက ဖေဖော်ဝါရီ ၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မွတ်စလင်နိုင်ငံ ခုနှစ်နိုင်ငံမှ ပြည်သူများအား အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ယာယီပိတ်ပင် သည့် အမိန့်စာတစ်ရပ်ကို သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများကိုလည်း နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကို တားမြစ်ထားသည်။
သမ္မတထရန့်လက်မှတ်ရေးထိုးခဲ့သည့် အမိန့်စာသည် မွတ်စလင်များအား ပြည်ဝင်ခွင့် ပိတ်ပင်သည့်အမိန့်စာမဟုတ်ကြောင်းနှင့် နိုင်ငံ၏ပြည်ဝင်ခွင့် စနစ်နှင့် နိုင်ငံအတွင်းရှိ ဒုက္ခသည်အရေအတွက်ကို ပြန်လည်ဆန်းစစ်ရန် ယာယီပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ဝန်ကြီး ကီလီကဆိုသည်။
အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်နိုင်ခြင်းအတွက် နည်းလမ်းကောင်းများရှာဖွေလျက်ရှိပြီး ပြည်သူများ၏ ဝက်ဘ်ဆိုက်အသုံးပြုမှု နောက်ခံမှတ်တမ်းများ၊ တယ်လီဖုန်းမှတ်တမ်းများအပါအဝင် လူမှုကွန်ရက်သတင်း ဝက်ဘ်ဆိုက်များကိုလည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဝန်ကြီးကီလီက ဆက်လက်ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment