Wednesday, February 1, 2017

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် (၁၂)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာပန်ကြားချက် (၂ဝ၁၇) ဆွေးနွေးပွဲဖွင့်ပွဲ တက်ရောက်



Image may contain: 6 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေတို့သည် ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် အိန္ဒိယသမ္မတ နိုင်ငံ ဒေလီမြို့ Taj Palace Hotel ၌ ကျင်းပသည့် (၁၂)ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့မှု နှင့် ခွဲခြားဆက်ဆံရေး အဆုံးသတ်ရေးအတွက် ကမ္ဘာလုံး ဆိုင်ရာပန်ကြားချက် (၂ဝ၁၇) ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ယင်းနောက် Nippon Foundation မှတာဝန်ရှိသူများနှင့် WHO မှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးသည်။
ဆက်လက်၍ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် (၁၂)ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့ မှုနှင့် ခွဲခြားဆက်ဆံရေး အဆုံးသတ်ရေးအတွက် ကမ္ဘာလုံး ဆိုင်ရာပန်ကြားချက် (၂ဝ၁၇)ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အနာကြီးရောဂါခံစားနေရ သည့် လူနာများအား ခွဲခြားဆက်ဆံမှုမရှိစေရေးနှင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများရရှိရေး၊ မြန်မာနိုင်ငံအတွင်း အနာကြီးရောဂါဝေဒနာ လုံးဝပပျောက်ကင်းစင် ရေးအတွက် လွှတ်တော်အနေဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment