Wednesday, February 1, 2017

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီး ရွှေတိဂုံစေတီတော်သို့ သွားရောက်ကြည်ညို



Image may contain: 4 people, people sitting and indoor
ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ပညာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီး H.E. Mrs. Sengdeuane LACHANTHABOUNE သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁ဝ နာရီတွင် ရွှေတိဂုံစေတီသို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် လာအိုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတိဂုံ စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးအမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပြီး အလှူငွေများ ပေးအပ်လှူဒါန်းကာ လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ ဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment