Monday, February 27, 2017

ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တောင်ငူတွင်ကျင်းပ



Image may contain: one or more people, crowd and indoor
တောင်ငူ ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက တောင်ငူမြို့ရှိ ပညာရေးကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သိန်းလွင်က ဆွေးနွေးပြောကြားသည်။
ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဆွေးနွေးပြောကြားပြီး KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစော တာဒိုမှူးက ငြိမ်းချမ်းရေးနှင့် ပတ်သက်သည်များကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေးက ဆွေးနွေးပွဲနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောင်ငူခရိုင်မှ ကိုယ်စားလှယ်တစ်ဦး၊ ပဲခူးခရိုင်မှ ကိုယ်စားလှယ်တစ်ဦး၊ ပြည်ခရိုင်မှ ကိုယ်စားလှယ်တစ်ဦး၊ သာယာဝတီခရိုင်မှ ကိုယ်စားလှယ်တစ်ဦးတို့က နိုင်ငံရေးဆိုင်ရာ စာတမ်းများကို ဆွေးနွေးဖတ်ကြားသည်။ စီးပွားရေးဆိုင်ရာစာတမ်းများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လေးခရိုင်၊ မြို့နယ်များမှ ကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးဖတ်ကြားသည်။ ထို့နောက် UPDJC ၏ တာဝန်ရှိသူ ဦးလှမောင်ရွှေက ဆွေးနွေးပွဲရလဒ်များအကြောင်းကို ရှင်းလင်းပြောကြားကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ တက်ရောက်ကြပြီးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သူရ(တောင်ငူ)

No comments:

Post a Comment