Friday, February 3, 2017

သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး



Image may contain: 5 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA) မှ ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson အား ယမန်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များ အဆင့်အလိုက် ထုတ်ပြန်ဆောင်ရွက်မှု၊ သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံသည့် အသေးစိတ်လေ့လာဆန်းစစ်သည့် သုတေသနစာတမ်းများ ရေးသားပြုစုထုတ်ပြန်မှုနှင့် မြို့နယ်အဆင့် အစီရင်ခံစာများ ရေးသားပြုစုထုတ်ပြန်နိုင်ရေး ဆောင်ရွက်မှု၊ သန်းခေါင်စာရင်းမှရရှိသော လူမျိုး စာရင်းထုတ်ပြန်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုများတွင် UNFPA မှ ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment