Monday, February 27, 2017

မောင်တောမြို့နယ်၌ လူသုံးဦးက ခမီးလူမျိုး နှစ်ဦးအား ပုဆိန်၊ ဓားတို့ဖြင့် တိုက်ခိုက်မှုဖြစ်ပွား



 နေပြည်တော် ဖေဖော်ဝါရီ ၂၆

မောင်တောမြို့နယ် သရေကုန်းဘောင် (နတလ)ကျေးရွာအနီး၌ ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက ခမီးလူမျိုး နှစ်ဦးအား အမည်မသိ လူသုံးဦးက ပုဆိန်၊ ဓားများ ဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

  အဆိုပါ ခမီးလူမျိုး နှစ်ဦးသည် မောင်တောမြို့နယ် သရေကုန်းဘောင် (နတလ) ကျေးရွာအနီးတောစပ်သို့ ဟင်းစားရှာရန် ရောက်ရှိလာစဉ် အမည် မသိ လူသုံးဦးက ပုဆိန်၊ ဓားများဖြင့် လာရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ခမီးလူမျိုး အောင်ကျော်စိန် (၄၆ နှစ်)၏ ယာကျောတွင် ပြတ်ရှ ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထား ပြီး ထွန်းသာမောင် (၂၈ နှစ်)မှာ ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံး နေသဖြင့် လုံခြုံရေးအဖွဲ့များက လိုက်လံ ရှာဖွေလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment