Thursday, February 2, 2017

ဝက်ဖို့ဒ်နှင့်ပွဲအတွက် အာဆင်နယ် အဆင်သင့်မဖြစ်ခဲ့ကြောင်း နည်းပြအာစင်ဝင်းဂါး ဝန်ခံ

Image may contain: 3 people, people playing sports and outdoor
နည်းပြဝင်းဂါးက အာဆင်နယ်အနေဖြင့် ပရီမီယာလိဂ်အသင်းတစ်သင်းကို ရင်ဆိုင်ရန် လုံလောက်သည့် စွမ်းအင် မျိုးမရှိခဲ့သလို အဆင်သင့်မဖြစ်ခဲ့ကြောင်း ဝက်ဖို့ဒ်အသင်းအား အရေး နိမ့်သည့် ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ဝက်ဖို့ဒ်အား အိမ်ကွင်း အမ်းမရိတ်စ်၌ပင် ရင်ဆိုင်ခဲ့ရသော်လည်း ပထမပိုင်းပွဲအစ ၁၃ မိနစ်အတွင်းမှာ ပင် နှစ်ဂိုးပေးခဲ့ရပြီးနောက် အာဆင်နယ် တိုက်စစ်မှူးအီဝိုဘီက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။
ဝင်းဂါးက ပရီမီယာလိဂ်အသင်း တိုင်းမှာ ကြံ့ခိုင်မှုကောင်းကောင်းဖြင့် တုံ့ပြန်လေ့ရှိရာ ၉ဝ ရာခိုင်နှုန်း ကောင်းမွန်ရုံမျှဖြင့် ရင်ဆိုင်ပါက ရှုံးပွဲသာ ကြုံရမည်ဖြစ်ကြောင်း ကစားသမားများကို သတိပေးမှုပြုခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းကပင် ပရီမီယာ လိဂ်ကလပ် ဆောက်သမ်တန်ကို ငါးဂိုး ပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့သဖြင့် ချယ်လ်ဆီးအသင်းကို အနီးကပ်ဆုံးဖိ အားပေးနိုင်မည့် အသင်းမှာ အာဆင်နယ်ဖြစ်လာတော့မည်ဟု အများစုက ခန့်မှန်းခဲ့ကြသော်လည်း ယခုမူ ဝက်ဖို့ဒ်အသင်းကိုပင် အိမ်ကွင်း၌ အရေးနိမ့်ခဲ့ရပြန်သည်။
ဝင်းဂါးက ''ကျွန်တော်တို့ မာမာ ထန်ထန် မကစားနိုင်ဘူး။ ပြီးတော့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ အသင့် အနေအထားလည်း မဖြစ်ခဲ့ဘူး၊ ပထမဂိုးပေးလိုက်ရတော့ တော်တော် ကံဆိုးတယ်လို့ ပြောရမှာပါ။ ဘာလို့ လဲဆိုရင် ဒီဂိုးက အင်အားပျော့တဲ့ အလွတ်တည်ကန်ဘောဖြစ်လို့ပါ'' ဟု ပြောကြားခဲ့သည်။
ပွဲချိန်မိနစ် ၂ဝ နောက်ပိုင်း အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အာဆင် နယ်အသင်းတွင် ရာနှုန်းပြည့်ကြံ့ခိုင်မှု ပြည့်ဝသည့် ကွင်းလယ်အဖျက်ကစား သမားဆို၍ ကိုကွီလင်တစ်ဦးသာ ရှိတော့သည်။ အာဆင်နယ်ကွင်းလယ် လူ မိုဟာမက်အယ်နနီမှာ အီဂျစ် အသင်းနှင့်အတူ အာဖရိကဖလားပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော်လည်း လက်ရှိတွင် ခြေသလုံးဒဏ်ရာရရှိနေ ကြောင်းလည်း သိရသည်။ ရမ်ဆေး၏ ဒဏ်ရာအနေအထားမှာ အချိန်ကာလ မည်မျှကြာအောင်အနားယူရမည်ကို ¤င်းအနေဖြင့် အတိအကျ ဖြေကြား နိုင်ခြင်းမရှိကြောင်း ဝင်းဂါးကဆိုသည်။
ဝင်းဂါးသည် ကွင်းဘေးစည်း ကြီးကြပ်ခွင့် လေးပွဲတားမြစ်ခံထား ရသဖြင့် အဆိုပါပွဲကို ပွဲကြည့်စင်မှသာ ကြည့်ရှုခဲ့ရသည်။ သို့သော် ဝင်းဂါးက ချယ်လ်ဆီးနှင့် အမှတ်ကွာဟချက်ကို လျော့ချရန် လာမည့်ပရီမီယာလိဂ် ပွဲစဉ်တွင် ချယ်လ်ဆီးကို အနိုင်ယူ ပြမည်ဟု ကြွေးကြော်ခဲ့သည်။ ချယ်လ်ဆီးအသင်းနှင့် လီဗာပူး အသင်းတို့ တစ်ဂိုးစီသရေကျခဲ့ခြင်း ကြောင့်သာ အာဆင်နယ်အသင်းကံကောင်းခဲ့ခြင်းဖြစ်သည်။
(မေလဲ့သင်း)

No comments:

Post a Comment