Wednesday, February 1, 2017

မောင်တောမြို့နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများအား အလှူငွေနှင့် ရိက္ခာဆန်များ ပေးအပ်လှူဒါန်း



Image may contain: 8 people, people standing and outdoor
မောင်တော ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများအတွက် ထိုင်းနိုင်ငံ ဗန်ကောက် မြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) ဖြစ်သည့် Muslim For Peace Foundation က အလှူငွေများနှင့် ရိက္ခာထောက်ပံ့ ဆန်များကို ယနေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ Muslim For Peace Foundation မှ အဖွဲ့ဝင်များဖြစ်ကြသည့် မစ္စတာ ဝါရာပွန်ခွန်တလီနှင့် မစ္စတာ ဗီရာပုံဆန်တာဒိုတို့သည် ယမန်နေ့ နံနက်ပိုင်းက လှူဒါန်း ငွေကျပ်နှစ်သန်းကို မောင်တောဒေသရှိ တိုင်းရင်းသားများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး တာဝန် ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် မောင်တောဒေသရှိ တပ်ဦးချောင်း၊ ဒုချီးရားတန်းနှင့် ဂေါ်ဒူသာရ ကျေးရွာအုပ်စုများမှ အစ္စလာမ်ဘာသာဝင်များအတွက် ရိက္ခာဆန်အိတ် ၃ဝဝ ကို ကျေးရွာ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။
မစ္စတာ ဝါရာပွန်ခွန်တလီက ''ကျွန်တော်တို့အဖွဲ့ဟာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မောင်တောဒေသမှာ ပထမဆုံး လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း နှစ်ရပ်စလုံးကို ထောက်ပံ့ကူညီတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း လှူဒါန်းဖို့ ရှိပါ တယ်''ဟု ဆိုသည်။
''လှူဒါန်းပေးအပ်တဲ့ ရိက္ခာဆန်တွေကို ကျေးရွာထဲက အိမ်ထောင်စု လူဦးရေအလိုက် မျှမျှတတ ခွဲဝေပေးသွားမှာဖြစ်ပါတယ်။ အခုလို လာရောက်လှူဒါန်းတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့ကျေးရွာ တွေဟာ အခုငြိမ်းငြိမ်းချမ်းချမ်းရှိနေ ပါပြီ''ဟု ဂေါ်ဒူသာရ(တောင်) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်က ပြောသည်။
မောင်ဇော်(သတင်းစဉ်)
ဓာတ်ပုံ-မင်းမင်း

No comments:

Post a Comment