Monday, February 27, 2017

၂ဝ၁၇ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ



 နေပြည်တော် ဖေဖော်ဝါရီ ၂၆

၂ဝ၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ ဆုချီးမြှင့် ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာ သီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်ဇနီး ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစား ဝါသနာရှင်ပရိသတ်များ တက်ရောက် ကြသည်။

 ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ(က)အဆင့်ဗိုလ်လု ပွဲအဖြစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွား သည်။

 ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်း အနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊လေ) ဘောလုံးပြိုင်ပွဲ (ခ)အဆင့်နှင့် (က)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး ဆုရရှိသည့်အသင်းများ၊ (ခ)အဆင့်နှင့် (က)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိ သော အသင်းများ၊ (ခ)အဆင့်နှင့်(က)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အသင်းများ၊ (ခ) အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံး အားကစား သမားဆုများနှင့် (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်း၊ (က)အဆင့် ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများနှင့် (က)အဆင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်း တို့အား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 ယင်းနောက် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက ဘောလုံးပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိ သော အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက် ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသား ဆုများအား ပေးအပ်ချီးမြှင့်ပြီး ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ(က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စား ပြုအသင်းအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွား ဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

 ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်(ကြည်း၊ ရေ၊ လေ)အား ကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၁၆ ဆု၊ ငွေတံဆိပ် ၅၇ဆုနှင့် ကြေးတံဆိပ် ၄၉ ဆု စုစုပေါင်းဆုတံဆိပ် ၂၂၂ ဆုဖြင့် ဆုအများဆုံးရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်း အား တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆု များကိုပေးအပ်ချီးမြှင့်ရာ အသင်းအုပ်ချုပ် သူအရာရှိက လက်ခံရယူသည်။

 ထို့နောက် မီးရှူးမီးပန်းများ ပစ်ဖောက်၍ ၂ဝ၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment