Wednesday, February 1, 2017

ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ ပညာရေးစာသင်ကျောင်းများအတွက် အလှူငွေနှင့် ကျောင်းသုံးပစ္စည်းများလှူဒါန်း



Image may contain: one or more people and people standing
ရန်ကုန် ဇန်နဝါရီ ၃၁
Greater Mekong Initiative ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ဇနီး Mrs. Akie Abe နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြရာ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ဧည့်သည်တော် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဇနီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ ကမ္ဘာ့ဗုဒ္ဓဝိပဿနာဗိမာန်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ သုခကာမီ သီလရှင်သင်ပညာရေး ကျောင်း၊ ဇလွန်သီလရှင်သင် ပညာရေးကျောင်း၊ ပညာ သိင်္ဂီ သီလရှင်သင်ပညာရေးကျောင်း၊ အပမာဒ သီလရှင်သင် ပညာရေးကျောင်းနှင့် ပုညဝိသုဒ္ဓိဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ယင်းသို့ သွားရောက်ကြည့်ရှုလေ့လာစဉ် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဇနီးနှင့်အဖွဲ့၊ အလှူရှင်များသည် ပညာရေးစာသင်ကျောင်းတစ်ကျောင်းလျှင် ငွေကျပ် သိန်း ၅ဝ နှင့် ကျောင်းသုံးပစ္စည်းများလှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment