Thursday, February 2, 2017

ယူကရိန်းအရှေ့ပိုင်း၌ တိုက်ခိုက်မှုများပြန်လည်ဖြစ်ပွားခြင်းကြောင့် အလွန်အမင်းစိုးရိမ်မှုဖြစ်ရဟု လုံခြုံရေးကောင်စီကြေညာချက်ထုတ်



Image may contain: one or more people, crowd and indoor
နယူးယောက် ဖေဖော်ဝါရီ ၁
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၌ ဘေးအန္တရာယ်ကျရောက်နေသည့် အခြေအနေနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်မှုဖြစ်ရကြောင်း၊ တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကားလျက် ဒေသဆိုင်ရာ သတင်းဌာနများက ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် ပိုက်နက်နယ်မြေ စုစုစည်းစည်း တည်ရှိမှုတို့နှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက အပြည့်အဝထောက်ခံသည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြေညာချက်တွင် ဖော်ပြသည်။
ယူကရိန်းအရှေ့ပိုင်းတွင် မကြာသေးမီနေ့ရက်များအတွင်းက တိုက်ခိုက်မှုများ ပြန်လည် မြင့်တက်လာခြင်းအတွက် ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ အပြန်အလှန် အပြစ်တင်ပြောကြားခဲ့ကြသည်။ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ရပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ရေပြတ်လပ်မှုတို့ကို ဒေသခံအရပ်သား ထောင်ပေါင်းများစွာ တွေ့ကြုံခံစားနေကြရသည်ဆို၏။
အစိုးရက ထိန်းချုပ်ထားသော စက်မှုလုပ်ငန်းလုပ်ကိုင်ရာ မြို့ကလေးဖြစ်သည့် အဗဒီယီ ဗာခါမြို့၌ ထိုးစစ်ဆင် တိုက်ခိုက်မှုပြုလုပ်သည်ဟု ယူကရိန်းတပ်မတော်နှင့် ရုရှားထောက်ခံသော ခွဲထွက်ရေးလှုပ်ရှားသူများအကြား အပြန်အလှန်စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သည်။
ဇန်နဝါရီ ၂၉ ရက်မှစ၍ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ယူကရိန်းတပ်ဖွဲ့ဝင်ရှစ်ဦးကျဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိကြောင်း၊ ဒီဇင်ဘာလလယ်နောက်ပိုင်း အစိုးရတပ်ဖွဲ့အတွက် အကြီးကျယ်ဆုံး ဆုံးရှုံးရမှုဖြစ်ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောကြားကြသည်။
ရိုက်တာ။

No comments:

Post a Comment