Friday, January 27, 2017

Leopalace 21 မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့ ကျင်းပ



Image may contain: 1 person, closeup and outdoor
ရန်ကုန် ဇန်နဝါရီ ၂၆
Asian Tour နှင့် Japan Golf Tour တို့ ပူးပေါင်း၍ Leopalace 21 ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် 2017 Leopalace 21 ၏ မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့ကို ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ ပန်းလှိုင် ဂေါက်ကွင်း၌ ကျင်းပသည်။
ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ အားကစားသမား ၁၅ဝ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ပထမနေ့(၁၈)ကျင်းပွဲစဉ်များအပြီးတွင် Angelo QUE(ဖိလစ်ပိုင်)နှင့် Azuma YANO(ဂျပန်)တို့က ခြောက်ချက်စီလျှော့ရိုက်ကာ ထိပ်ဆုံးမှ ပူးတွဲဦးဆောင်လျက်ရှိပြီး K.T. KIM နှင့် Junggon HWANG (တောင်ကိုရီးယား)၊ Makoto INOUE(ဂျပန်)၊ Keith HORNEနှင့် Jbe KRUGER (တောင်အာဖရိက)၊ Sihwan KIM(အမေရိကန်)၊ Sutijet KOORATANAPISAN(ထိုင်း)တို့က ငါးချက်စီလျှော့ရိုက်၍လည်းကောင်း၊ Daniel CHOPRA (ဆွီဒင်)၊ Shiv KAPUR(အိန္ဒိယ)၊ Miguel TABUENA(ဖိလစ်ပိုင်)၊ Yusaku MIYAZATO(ဂျပန်)နှင့် Natipong SRITHONG(ထိုင်း)တို့က လေးချက်စီလျှော့ရိုက်၍လည်းကောင်း နောက်မှလိုက်နေသည်။ ယင်းပြိုင်ပွဲကို နိုင်ငံပေါင်း ၂၄ နိုင်ငံမှ အားကစားသမား ၁၅ဝ ဝင်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာဂေါက်သီးကစားသမား ၁၄ ဦး ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာဂေါက်သီးရိုက် ကစားသမားများအနက်ရဲထက်အောင်နှင့် အောင်ဝင်းတို့မှာ သတ်မှတ်ရိုက်ချက် အတိုင်းရိုက်ကာ အဆင့် ၅၃ နေရာတွင် ရပ်တည်လျက်ရှိသည်။
ယင်းပြိုင်ပွဲကို နိုင်ငံပေါင်း ၁၇ဝ တွင် ရုပ်သံမှ တိုက်ရိုက်ပြသမည်ဖြစ်ပြီး ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် Natipong SRITHONG မှလည်း ပြသလျက်ရှိသည်။ ယင်းပြိုင်ပွဲကို မြန်မာအားကစားပရိသတ်များ အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ပြီး ကံစမ်းမဲအစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။ ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ဇန်နဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment