Sunday, January 1, 2017

နတ်ပေါက်ဆင်စခန်းသို့ ယခုနှစ်ခရီးသွားရာသီအစတွင် နိုင်ငံခြားသား ၂၇ဝ ကျော် လာရောက်လေ့လာ



Image may contain: outdoor and nature
မန္တလေး ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကသာ(အနောက်)သစ်ထုတ်လုပ်ရေးဒေသရှိ နတ်ပေါက် ဆင်စခန်းသို့ ယခုနှစ် ခရီးသွား ရာသီအစတွင် နိုင်ငံခြားသား ၂၇ဝ ကျော် လာရောက်လေ့လာခဲ့ကြောင်း ဆင်စခန်းမှ တာဝန်ခံ ဒေါက်တာအောင်သူရစိုးက ပြောသည်။
အဆိုပါ ဆင်စခန်းအဖြစ်၂ဝဝ၅ ခုနှစ်က စတင်ခဲ့ပြီး ၂ဝဝ၉ ခုမှစ၍ ဆင်ပေါက်ကလေးများအား လေ့ကျင့်သင်ကြားပြီး နိုင်ငံခြားသားခရီးသွားများကို ပြသပေးခဲ့ရာမှ စိတ်ဝင်စားမှုများပြားလာခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြည်တွင်း လေ့လာသူများကိုပါ ဝင်ရောက်လေ့လာခွင့်ပြုခဲ့ပြီး ဧည့်သည် ၇ဝဝ ကျော်အထိ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
''နိုင်ငံခြားသားတွေက လာရောက်လေ့လာတာ တစ်နှစ်ထက်တစ်နှစ် ပိုများလာတဲ့အတွက် အခုနှစ်မှာတော့ ပြည်တွင်းဧည့်သည်တွေပါ ဝင်ရောက်လေ့လာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
အဆိုပါဆင်စခန်းသို့ ပြည်တွင်းအနေဖြင့် ကသာဗန်းမောက်ဒေသမှ ဧည့်သည်များအများဆုံးလာရောက်လေ့လာပြီး နိုင်ငံခြားသားများအနေဖြင့် ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် ကသာမြို့မှ အများဆုံးဝင်ရောက်လေ့လာ လျက်ရှိရာ ယင်းဆင်ဝိုင်းတွင် ဆင်အကောင်ရေ ၂၇ ကောင်ဖြင့် ဆင်ရေချ ခြင်း၊ တုံးပေါ်လမ်းလျှောက်ခြင်းနှင့် သစ်ဆွဲပြသခြင်းများကိုအချိန်ပိုင်း သရုပ်ပြသပြီး ခရီးတိုဆင်စီးခြင်းများပြုနိုင်ကြောင်း သိရသည်။
ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ကျပ် ၃ဝဝဝ နှင့် ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ကျပ် ၂ဝဝဝဝ သတ်မှတ်ထားပြီး ဆင်စီးလိုပါကလည်း ၎င်းနှုန်းထားများအတိုင်း သတ်မှတ်ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment