Saturday, January 28, 2017

ကုလအတွင်းရေးမှူးချုပ် တရုတ်နှစ်သစ်ကူးဆုတောင်းပေးပို့

Image may contain: food

ဂျီနီဗာ ဇန်နဝါရီ ၂၇

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်သည် ဇန်နဝါရီ ၂၈ ရက် တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူး အခါသမယအတွက် ဆုတောင်းမေတ္တာ များပို့သခဲ့ကြောင်း သိရသည်။
တရုတ် ကြက်နှစ်သစ်ကူးနေ့တွင် တရုတ်ပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ပြည့်စုံစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သလို ကြက်နှစ် သည် အသစ်စတင်ခြင်း၏ သင်္ကေတ ဖြစ်ပြီး စွမ်းအင်၏အရေးပါပုံ၊ ဆုံးဖြတ် ချက်ချမှတ်ခြင်းနှင့် အလုပ်လုပ်ကိုင်ရာ တွင် အလေးအနက်တာဝန်ယူမှုကို ကိုယ်စားပြုကြောင်း ပြောသည်။
၂ဝ၁၇ခုနှစ်သည် ငြိမ်းချမ်း သည့်နှစ်တစ်နှစ်ဖြစ်လာမည်ဖြစ်ကြောင်း နှင့် ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဆင်းရဲမွဲတေမှုနှင့် အခြားသော အရေးကိစ္စများကို အတူတကွ လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း ယမန်နေ့က ပေးပို့ခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ဂူတာရက်စ်က ပြောကြားခဲ့သည်။
နွေဦးပွဲတော်အဖြစ် နာမည်ကြီး သည့် တရုတ်နှစ်သစ်ကူးပွဲတော်သည် တရုတ်နိုင်ငံတွင် အရေးကြီးသော ပွဲတော်တစ်ခုဖြစ်ပြီး ယင်းပွဲတော်သည် ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ကျရောက် မည်ဖြစ်ကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment