Saturday, January 28, 2017

ဂျပန်တွင် ပြည်ပမှလာရောက်လုပ်ကိုင်သည့် အလုပ်သမားဦးရေ တစ်သန်းအထိရှိလာ

Image may contain: one or more people, car and outdoor

တိုကျို ဇန်နဝါရီ ၂၇

၂ဝ၁၆ခုနှစ်တွင် ဂျပန်နိုင်ငံရှိ ကုမ္ပဏီ များသို့ ပြည်ပမှလာရောက်လုပ်ကိုင် သည့် အလုပ်သမားအရေအတွက်သည် တစ်သန်းအထိ မြင့်တက်သွားခဲ့ပြီး အဆိုပါအရေအတွက်သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း အစိုးရစစ်တမ်း ကောက်ယူမှုများက ဖော်ပြသည်။
အလုပ်သမားဝန်ကြီးဌာနက ဂျပန် ကုမ္ပဏီများအား အိမ်တွင်းမှုလုပ်ငန်း များ၌ ပြည်ပအလုပ်သမားမည်မျှ ငှားရမ်းထားကြောင်းကို အစီရင်ခံစာ မဖြစ်မနေပေးပို့ရန် òန်ကြားထားသည်။
အောက်တိုဘာလကုန်လောက်က ဂျပန် နိုင်ငံအတွင်းရှိ ကုမ္ပဏီများတွင် အလုပ် ခန့်ထားသည့် ပြည်ပမှ လာရောက် သူ အလုပ်သမားအရေအတွက်သည် ၁ ဒသမ ဝ၈ သန်းခန့်ရှိသည်ဟု အလုပ် သမားဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
အစောပိုင်းနှစ်တစ်နှစ်က အရေ အတွက်ပမာဏထက် ၁၉ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ပြည်ပမှ လာရောက် သည့် အလုပ်သမားအရေအတွက် စုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းမှာ တရုတ် အလုပ်သမားများဖြစ်ပြီး ၃၄၄၆၅၈ ဦး ရှိကာ ဗီယက်နမ်အလုပ်သမား ၁၇၂ဝ၁၈ ရှိသည်။ ဖိလစ်ပိုင်အလုပ်သမား ဦးရေ ၁၂၇၅၁၈ ဦးရှိကြောင်း သိရ သည်။
စက်မှုကဏ္ဍ၌ ကုန်ထုတ်လုပ်ငန်း တွင် နိုင်ငံခြားသား အလုပ်သမားများ၏ ဝင်ရောက်လုပ်ကိုင်နေမှုသည် ရာခိုင်နှုန်း အားဖြင့် အများဆုံးဖြစ်ပြီး ၃၁ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။
ဝန်ဆောင်မှု လုပ်ငန်းများတွင် ပြည်ပအလုပ်သမား ၁၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး လက်လီလက်ကား ရောင်းဝယ်မှုများတွင် ၁၂ ဒသမ ၉ ရာခိုင် နှုန်းအထိရှိကြောင်း သိရသည်။
လုပ်ငန်းရှင်များသည် အလုပ်သမား ပြတ်တောက်မှုကို အစားထိုးဖြည့်ဆည်း ရန် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းလိုကြကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဝန်ကြီးဌာန အာဏာပိုင်များက ဂျပန်ကုမ္ပဏီများသည် အသက်မွေး လုပ်ကိုင်မှုအရည်အသွေးပြည့်မီသည့် နိုင်ငံခြားအလုပ်သမား အမြောက်အမြား ကို ငှားရမ်းလျက်ရှိပြီး အချိန်ပိုင်းအလုပ် သမားများနှင့် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများလည်း ပါဝင်နေကြောင်း အလုပ်သမားဝန်ကြီးဌာန အာဏာပိုင် များက ပြောကြားခဲ့သည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment