Monday, January 30, 2017

သရုပ်ဆောင်ဘက် ပြန်လည်ခြေလှမ်းမယ်လို့ဆိုလာတဲ့ရက်ပ်အဆိုတော် ဒရိတ်ခ်

Image may contain: 2 people, beard
ရက်ပ်တေးသံရှင်တစ်ဦးအဖြစ် ကျော်ကြားခဲ့တဲ့ ကနေဒါလူမျိုးအဆိုတော် ဒရိတ်ဟာ ယခင်ကရုပ်သံဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ဖူးခဲ့သူဖြစ်ပြီး လတ်တလောမှာလည်း သရုပ်ဆောင်နယ်ပယ်ဘက်ကို ပြန်လည်ခြေလှမ်း နိုင်ဖို့ ရည်ရွယ်ထားကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ဒရိတ်ခ်ဟာ ယခင်ကရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ''Degrassi'' မှာ ချမ်းသာတဲ့မိသားစုမှ မွေးဖွားလာတဲ့ ဘတ်စကက်ဘောကစားသမား တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး လတ်တလောမှာ တေးသံရှင် တစ်ဦးအဖြစ် အောင်မြင်မှုတွေရခဲ့ပေမယ့် သရုပ်ဆောင်နယ်ပယ်ဘက်ကို ပြန်လည်ခြေလှမ်းချင်တဲ့အတွက် သရုပ်ဆောင်လောကအတွင်း ပြန်လည် ဝင်ရောက်ဖို့ စီစဉ်ထားကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့ ရုပ်သံ အင်တာဗျူးတစ်ခုမှာ ဒရိတ်ခ်က ဖွင့်ဟလာခဲ့ကြောင်း သိရပါတယ်။
အဆိုပါအင်တာဗျူးမှာ ဒရိတ်ခ်က ''သရုပ်ဆောင်ခြင်းဟာလည်း ကျွန်တော်နောက်ထပ်မစောင့်ဆိုင်းနိုင်လောက်အောင် လုပ်ချင်တဲ့ဆန္ဒတွေ ရှိနေတဲ့ အရာတွေထဲကတစ်ခုဖြစ်ပါတယ်။ ကျွန်တော် လတ်တလောပြုလုပ် နေတဲ့ တေးအယ်လ်ဘမ် More Life ကို ထုတ်လုပ်ပြီး အဆိုပါ တေးအယ်လ်ဘမ်အတွက် နယ်လှည့်ဖျော်ဖြေပွဲတွေလုပ်ပြီးရင်တော့ သရုပ်ဆောင်နယ်ပယ်ဘက်မှာ ပြန်လည်ခြေချသွားမှာဖြစ်ပါတယ်။ တကယ်ကိုကောင်းမွန်တဲ့ အခန်းတွေမှာ ပါဝင်သရုပ်ဆောင်သွားဖို့လည်း စဉ်းစားထားပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒရိတ်ခ်က သူ့ရဲ့အခြားသောအိပ်မက်တစ်ခုမှာ ရုပ်သံ အစီအစဉ်တင်ဆက်သူဖြစ်ကြောင်းနဲ့ ပရိသတ်တွေ ညတိုင်းကြည့်ရှု ရယ်မောနိုင်မယ့်ရုပ်သံအစီအစဉ်ကို တာဝန်ယူတင်ဆက်ပေးနိုင်တဲ့ အစီအစဉ်တင်ဆက်သူကောင်းတစ်ဦးဖြစ်လိုကြောင်းလည်း ဆိုပါတယ်။
လတ်တလောမှာတော့ ဒရိတ်ခ်ဟာ အက်ပဲလ်တေးဂီတနဲ့ပူးပေါင်းကာ ''More Life''လို့ အမည်ရတဲ့ တေးစီးရီးတစ်ခုကို ဖန်တီးလျက်ရှိကြောင်းလည်း သိရပါတယ်။
အေးပြည့် စုစည်းသည်

No comments:

Post a Comment