Friday, January 27, 2017

ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်



 
 
နေပြည်တော် ဇန်နဝါရီ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မ္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ မုန်တိုင်ရေလှောင် တမံသို့ရောက်ရှိပြီး ဆည်ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ ဒေသစိုက်ပျိုးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးမှု၊ မိတ္ထီလာ ကန်သို့ ရေကူပေးနေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထိုမှတစ်ဆင့် ကျောက်ပန်းတောင်း မြို့နယ်ရှိ ကြက်မောက်တောင် ရေလှောင် တမံသို့ရောက်ရှိကြပြီး နှစ်စဉ်မိုးရွာသွန်း မှုနှင့် ရေစုဆောင်းသိုလှောင်နိုင်မှု၊ စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေနေ မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မုန်တိုင်ရေလှောင်တမံနှင့် ကြက် မောက်တောင်ရေလှောင်တမံ များအား ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စု ဝန်ကြီးက ရာသီဥတု ဖောက်ပြန်ပြောင်းလဲ လာခြင်းနှင့် ပုံမှန်မဟုတ်သောမိုးရွာသွန်း မှုများကြောင့် အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသကဲ့သို့ မိုးရေချိန်အလွန်အမင်း ကျဆင်းလာသော ဒေသများတွင် စိုက်ပျိုးရေနှင့် သောက်သုံး ရေ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေ လျက်ရှိရာ ဆည်တမံများအတွင်း သိုလှောင်ရရှိလာသော ရေများကို စနစ် တကျ အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် ရေဖြန့်ဝေပေးမှုအပိုင်း တာဝန်ယူထား သည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများ၊ ဒေသခံ တောင်သူများ ပူးပေါင်းညှိနှိုင်းပြီး တောင်သူများ အကျိုးအမြတ် ပိုမိုရရှိ မည့် ရေအနည်းလိုသီးနှံများ ရွေးချယ် စိုက်ပျိုးနိုင်ရေးကို သီးနှံပုံစံများ ချမှတ် ပညာပေးဆောင်ရွက်ကြရန် လိုအပ်ချက် များအား အသေးစိတ်ဆွေးနွေးမှာကြား သည်။

မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ် အပူပိုင်းဒေသသီးနှံ ဗဟိုသုတေသနခြံသို့ ရောက်ရှိကြပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီJICA တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသော အပူပိုင်းဇုန်ဒေသအတွင်း ရေချွေ တာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးသည်။
ထို့နောက် ညောင်ဦးခရိုင်အတွင်းရှိ လောကနန္ဒာ မြစ်ရေတင်စီမံကိန်းနှင့် လက်ပံခြေပေါ် မြစ်ရေတင်စီမံကိန်း လုပ်ငန်းခွင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment