Sunday, January 1, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား



Image may contain: 1 person, closeup
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ၂ဝ၁၇ ခုနှစ် နှစ်သစ် အခါသမယမှာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဆုတောင်းမေတ္တာပို့သ
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိပြီး ငြိမ်းချမ်းရေး ရရှိတာနဲ့အမျှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး အဲဒီအသီး အပွင့်တွေကို တိုင်းရင်းသားပြည်သူအားလုံး မျှမျှတတ ခံစားရပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

No comments:

Post a Comment