နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏စင်ကာပူချစ်ကြည်ရေးခရီး
စင်ကာပူ၏အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယုကစင်ကာပူနိုင်ငံကို ထူထောင်သောအခါ မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့ရပါသည်။ ဤ အတိတ်သမိုင်းကိုမမီလိုက်သော မျိုးဆက်သစ်လူငယ်တို့အဖို့ ဒဏ္ဍာရီ သဖွယ်ဖြစ်နေနိုင်သော်လည်း ဤသည်မှာ သမိုင်းအချက်အလက်မှန် ဖြစ်ပါသည်။
ထိုအချိန်က ကျွန်းနိုင်ငံငယ်ကလေးမျှသာဖြစ်ပြီး သဘာဝသယံဇာတ လည်း လုံးဝမရှိသော စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံအားနှစ်ပေါင်း ၂ဝ အတွင်း အမီလိုက်မည်ဆိုသောစကားသည် ဖြစ်နိုင်ပါ့မလားဟူသော အတွေးတို့ကို ပွားစေသောစကားဖြစ်ပါသည်။ သို့သော် ခေါင်းဆောင်ကြီး လီကွမ်ယု၏ မှန်ကန်သော ဦးဆောင်မှုကြောင့် စင်ကာပူနိုင်ငံသည် ယခု အခါ အာဆီယံနိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးနိုင်ငံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။
မြန်မာနိုင်ငံ၌လည်း ယခုအခါ တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံးက ယုံကြည်အားကိုးသကဲ့သို့ က္ဘာ့နိုင်ငံများကလည်း လေးစားယုံကြည် သော ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခေါင်းဆောင်တာဝန်ယူဆောင်ရွက်နေပြီဖြစ်၍ သမိုင်းကတောင်းဆိုနေ သော ခေါင်းဆောင်မှုကိုရရှိထားပြီဖြစ်ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံသည်စင်ကာပူနိုင်ငံအား နှစ်ပေါင်း ၂ဝ အတွင်းအမီလိုက် ကျော်တက် မည်ဟု သမိုင်းတစ်ပတ်လည်ပြောကြားခဲ့ခြင်းကို တချို့ကဖြစ်နိုင်ပါ့ မလားဟု အတွေးပွားကြမည်ဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုသည်လူထုအစိုးရသစ်၏သန္နိဋ္ဌာန်ကိုဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားမှုသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သက်သက်ကို ရည်òန်းခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် စင်ကာပူ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ၏ဖွံ့ဖြိုးတိုးတက်မှုတို့ကို ချိတ်ဆက်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန် အလှန်လက်တွဲဆောင်ရွက်ကြမည်ဟူသော မိတ်ဆွေကောင်းစိတ်ဓာတ်ကို ရည်òန်းဖော်ပြခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံပညာရေးစနစ်၏ ဗဟိုရည်မှန်းချက်အဖြစ် အသက်မွေး ဝမ်းကျောင်းပညာရေးကိုသတ်မှတ်ထားသော မူဝါဒနှင့်အညီ နှစ်နိုင်ငံကြား စင်ကာပူ-မြန်မာ သက်မွေးပညာကျောင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သုံးနှစ်သက်တမ်းတိုးမြှင့်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူခရီးစဉ်အတွင်း ဆွေးနွေးခဲ့ခြင်းသည် မဟာဗျူဟာလိုအပ်ချက်ကို ဖြည့်ဆည်းလိုက်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူစီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး မြှုပ်နှံကြရန် ပွင့်လင်းရင်းနှီးစွာ ဖိတ်ခေါ်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏တာဝန် ယူမှု၊ တာဝန်ခံမှုကို ထပ်ဆင့်အာမခံချက်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
စင်ကာပူကုန်သွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံ၏အလားအလာ ကောင်းများကို အလေးအနက်ထား အသိအမှတ်ပြုပြောကြားခဲ့ခြင်းသည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာတော့မည်ကို ရည်ညွှန်းဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ပစ္စုပ္ပန်ကာလ၌ပင် စင်ကာပူနိုင်ငံ သည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည် စင်ကာပူနိုင်ငံ၏ (၂၈) နိုင်ငံမြောက် အကြီးဆုံးကုန်သွယ် ဖက်နိုင်ငံဖြစ်ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏အလားအလာ အပေါ် ရဲရဲရင့်ရင့်ယုံယုံကြည်ကြည် ဖော်ထုတ်ပြောဆိုသကဲ့သို့ မြန်မာ နိုင်ငံ၏ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်းဝန်ခံအသိအမှတ်ပြုပြောကြား ခဲ့ခြင်းသည် တိုင်းပြည်၏ ပကတိအခြေအနေကို မှန်မှန်ကန်ကန် နားလည်သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ကို လှစ်ဟဖော်ပြ ခြင်းဖြစ်၍ စင်ကာပူနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုကိုသာမက က္ဘာ့နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုတို့ကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း ဖော်ပြအပ်ပါသည်။ ။

No comments:
Post a Comment