Saturday, December 3, 2016

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

Image may contain: 2 people , table and indoor

နေပြည်တော် ဒီဇင်ဘာ ၂
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် နိုဝင်ဘာ ၃ဝ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပါမောက္ခချုပ်မှ တက္ကသိုလ်နှင့်သက်ဆိုင်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအား ဖွဲ့စည်းခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ် တိုးတက်မြင့်မားရေးအတွက် ဗဟို ကော်မတီမှ ပေါင်းစပ်ညှိနှိုင်းကာ မူဝါဒများချမှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အောက်ရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအတွက် သင်တန်းသား၊ သင်တန်းသူများရွေးချယ်ရာတွင်လည်း မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ စနစ်တကျတက်ရောက်ခွင့် ပြုခဲ့ပါကြောင်း၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်သိမှု၊ တာဝန်ယူမှု၊တာဝန်ခံမှုတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွဖြင့် အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အဂတိတရား ကင်းစင်စွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်အနေဖြင့် နယ်စပ်ဒေသအသီးသီးမှ တက်ရောက်လာသည့် တိုင်းရင်းသား ကျောင်းသား ကျောင်းသူများကို တက္ကသိုလ်ပညာ ရပ်များကိုသာမက ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာရေး၊ တိုင်းရင်းသားယဉ်ကျေးမှု အစဉ်အလာများ ပိုမိုထိန်းသိမ်းတတ်စေရေး ပညာရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရပ်များကိုပါ လေ့ကျင့်သင်ကြား ပေးလျက်ရှိပါကြောင်း မှာကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ နေ့လယ်စာ သုံးဆောင်နေမှုများအား ကြည့်ရှု စစ်ဆေးကာ ဖွံ့ဖြိုးရေးတက္ကသိုလ်အတွင်းရှိ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်နေမှုအခြေ အနေများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့သည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)သို့ သွားရောက်၍ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျောင်းဝင်းအတွင်းရှိ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment