Friday, December 2, 2016

ပြည်သူများမီးဘေးအန္တရာယ်ကာကွယ်နိုင်ရေး မီးငြှိမ်းသတ်ရေးသရုပ်ပြ



Image may contain: fire, outdoor and one or more people
သုံးခွ ဒီဇင်ဘာ ၁
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ သရုပ်ပြမီးငြှိမ်းသတ်ရေးနည်းများ၊ မီးလောင်မှုဖြစ်ပွားပါက လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးတပ်ဖွဲ့ဝင်များက 
ထိရောက်စွာဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးနှင့် အပေါ့စားမီးငြှိမ်းသတ်စက်ကလေးသုံးလုံးတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့မီးသတ်ဦးစီးဌာနက သရုပ်ပြသပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတောင်ဘက်ခြမ်း၌ နိုဝင်ဘာ ၂၉ ရက် ညနေ ၃ နာရီက
မီးငြှိမ်းသတ်ရေး သရုပ်ပြသကြသည်။

အဆိုပါမီးငြှိမ်းသတ်ရေးသရုပ်ပြသရာတွင် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ သုံးခွမြို့နယ်မီးဘေးလုံခြုံရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်
ဦးစီးဌာနဦးစီးမှူး ဦးသွင်ယုနိုင်နှင့် တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ၊ မြို့မဈေးအကျိုးတော်ဆောင်
အဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများ စိတ်ပါဝင်စားသူများ ကြည့်ရှုကြကြောင်း သိရသည်။

ကြည်စိုးလွင်(သုံးခွ)

No comments:

Post a Comment