Saturday, December 3, 2016

တိုက်ပွဲရှောင်စခန်းမှ ပြည်သူများအတွက်အလှူငွေကျပ် သိန်း ၃ဝဝ လှူဒါန်း



Image may contain: 5 people
တောင်ကြီး ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက်အလှူ ငွေကျပ်သိန်း ၃ဝဝ ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဒေါ်ခင်ဝင်းရီ၊ ဦးခင်အောင် နှင့် ဖောင်ဒေးရှင်းအဖွဲ့ဝင်များက ဒီဇင်ဘာ ၂ ရက်တွင် သွားရောက်လှူဒါန်းခဲ့ရာ အလှူငွေကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဖောင်ဒေးရှင်းမှတာဝန်ရှိသူ ဦးခင်အောင် က ယခုကဲ့သို့လှူဒါန်းရခြင်းသည် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ လမ်းညွှန်မှုအရ လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ နိုဝင်ဘာ ၂၃ ရက်ကလည်း မူဆယ်မြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိ ခိုလှုံနေကြသော မူဆယ်မြို့ အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများအတွက် အနွေးထည် ၃၂ဝဝ နှင့် စောင်၊ ဆန်အိတ်၊ ငါးသေတ္တာဘူး၊ ခေါက်ဆွဲခြောက်ထုပ်၊ အာဟာရမှုန့်များကို ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ပါကြောင်း၊ ဖောင်ဒေးရှင်းသည် စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံ တစ်ဝန်း ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ အားကစား စသည့် လှူဒါန်းမှုများ အပြင် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာဒေသများတွင်လည်း အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဖောင်ဒေးရှင်းသည် အအေးလွန်ကဲမှုဒဏ်ကို ပိုမိုခံစားရနိုင်သော ဒေသများရှိ ရဟန်းသံဃာများ၊ သီလရှင်များနှင့် တိုက်ပွဲရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများအတွက် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ခေါင်းစွပ်ပါ အနွေးထည် အထည်၂ဝ၅ဝဝဝကို ပြည်ပမှမှာယူခဲ့ပြီး သက်ဆိုင်ရာ ဒေသများသို့ ပေးပို့လှူဒါန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment