Thursday, December 29, 2016

ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ရောက်ရှိ

Image may contain: 3 people, people standing, ocean and outdoor
ပုလဲဆိပ်ကမ်း (ဟာဝိုင်ယီ)
ဒီဇင်ဘာ ၂၈
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သမ္မတဘားရက်အိုဘားမားနှင့်အတူ ဒီဇင်ဘာ ၂၇ ရက်က အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်ရှိ ပုလဲဆိပ်ကမ်းသို့ ရောက်ရှိလာပြီး လွန်ခဲ့သည့် ၇၅ နှစ်က ဂျပန်၏တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ များအား ဂါရဝပြုခဲ့ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် တာဝန်ထမ်းဆောင် ခြင်းမရှိမီ ရက်သတ္တပတ် အနည်းငယ်မျှသာ လိုတော့ချိန်အတွင်း ဝန်ကြီးချုပ်အာဘေးနှင့် သမ္မတ အိုဘားမားတို့ ပုလဲဆိပ်ကမ်းရှိ အမေရိကန်ရေတပ်စခန်းသို့ ရောက်ရှိ လာခဲ့ကြခြင်းဖြစ်သည်။ ဒေါ်နယ် ထရန့် သမ္မတဖြစ်လာသည့်အခါ အမေရိကန်နှင့် ဂျပန်တို့၏ မဟာ မိတ်ဖွဲ့မှုအနေအထား ထိခိုက်လာ မည်လောဟု စိုးရိမ်ပူပန်မှုများ ပေါ်ထွက်နေချိန်တွင် ၄င်းတို့နှစ်ဦး၏ ခရီးစဉ်ဖြစ်ပေါ်လာသည်။
ဂျပန်နိုင်ငံသည် မည်သည့်အခါတွင်မျှ အခြားနိုင်ငံတစ်နိုင်ငံကို စတင်ကျူးကျော် တိုက်ခိုက်မည် မဟုတ်ဟု မိမိအလေးအနက် သန္နိဋ္ဌာန် ပြုပြောဆိုပါကြောင်း ဝန်ကြီးချုပ် အာဘေးက ပြောကြားသည်။
ဂျပန်တပ်ဖွဲ့သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ရက်က ပုလဲဆိပ်ကမ်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ပစိဖိတ်ဒေသ၌ အမေရိကန်၏ စစ်ရေးအင်အား လွှမ်းမိုးမှုကို ခြေဖျက်နိုင်ရန် ရည်ရွယ်လျက် ပုလဲဆိပ်ကမ်း၌ ရပ်နားထားသော စစ်သင်္ဘောများကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်အတွင်းသို့ အမေရိကန်ဝင်ရောက်မှုကို ဖြစ်ပေါ်စေသော ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်အာဘေးက ဝန်ချတောင်းပန်ခြင်း မရှိပေ။
စစ်ကြောင့် သေဆုံးခဲ့ရမှုများ အတွက် မိမိကြေကွဲဝမ်းနည်းမိကြောင်း ဝန်ကြီးချုပ်အာဘေးက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment