Wednesday, November 30, 2016

ဒုတိယအကြိမ် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ ညှိနှိုင်းဆွေးနွေး




 
 
နေပြည်တော် နိုဝင်ဘာ ၂၉

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်က သြစ တြေးလျနိုင်ငံ ကင်ဘာရာမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် မြန်မာ-သြစတြေးလျနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။ ၏

ဒုတိယဝန်ကြီးသည် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးMs.JuliaBishop နှင့် ကင်ဘာရာမြို့ ပါလီမန်အဆောက်အအုံရှိ ၄င်း၏ရုံးခန်း၌ သွားရောက်တွေ့ဆုံသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နှင့် ပိုမိုခိုင်မာရေး၊ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ ချစ်ကြည်ရေးခရီး အပြန်အလှန်သွားရောက်ရေး၊ ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးအပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၌ကျင်းပသည့် ဒုတိယအကြိမ်မြောက် မြန်မာ-သြစတြေးလျနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်သည်။ အဆိုပါတွေ့ဆုံမှုနှင့်ဆွေးနွေးပွဲတို့သို့ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသာအောင် ညွန့်လည်း တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှDeputy Secretary Mr. Gary Quilan AO တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒသဘောထားနှင့်ပတ်သက်၍ လည်းကောင်း၊ နှစ် နိုင်ငံ အပြန်အလှန်သွားရောက်လည်ပတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု တို့နှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး အာဆီယံ-သြစတြေးလျ ပူးပေါင်းဆောင်ရွက်မှု၊ အရှေ့အာရှ ထိပ်သီးအစည်း အဝေးနှင့် လူကုန်ကူးမှုတားဆီးရေး ကိစ္စများအပါအဝင် ဒေသတွင်းကိစ္စရပ်များ၊ နျူကလီးယား လက်နက်မပြန့်ပွားရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့တွင် လူ့အခွင့် အရေးကာကွယ်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ မြန်မာနိုင်ငံမှ ကျောင်း သားများ သြစတြေးလျနိုင်ငံသို့ လာရောက်ပညာသင်ကြားရေးအပါအဝင် ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စ၊ ဒေသတွင်း ကုန်သွယ်မှုဆိုင်ရာကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် သြစတြေးလျ နိုင်ငံမှ အကူအညီပေးရေး ကိစ္စတို့နှင့်စပ်လျဉ်း၍ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး ဒုတိယ ဝန်ကြီးသည် ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေအပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတို့ကို ရှင်းလင်းပြောကြားသည်။
(သတင်းစဉ်)


No comments:

Post a Comment