Wednesday, November 30, 2016

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေမှုများအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးစေလို


 
 
ထင်သာမြင်သာပြုပြင်စရာ


သံတွဲမြို့ အမှတ်(၁) ရပ်ကွက် ဗိုလ်ချုပ်လမ်း အထက(၁ ) ကျောင်းရှေ့ရှိ နံတော် တောင်ချောင်းနံဘေးလမ်းကမ်းပါးတွင် အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်နေမှုများ ကြောင့် လမ်းကမ်းပါးတစ်လျှောက်လုံးပျံ့နှံ့လျက်ရှိသည်။
အဆိုပါ အမှိုက်ပုံမှအနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် လမ်းသွားလမ်းလာပြည်သူများ၊ အထက(၁)ရှိ ကျောင်းသားကျောင်းသူများနှင့်ဆရာဆရာမများ၊ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကျန်းမာရေးထိခိုက်စေနိုင်သဖြင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးစေလိုကြောင်း သိရသည်။

အဆိုပါအမှိုက်ပုံရှေ့တွင် ယခင်ကစည်ပင်အမှိုက်ကန်ရှိ၍ အနံ့ဆိုးများ ထွက်သဖြင့် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၏ တင်ပြမှုကြောင့် အမှိုက်ကန်ကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်နေမှုများကြောင့် ပတ်ဝန်းကျင်သာယာလှပမှုကို ပျက်စီးစေခြင်း၊ ကျန်းမာရေးကိုထိခိုက် စေနိုင်သော ကြောင့် ပြည်သူများ၏ ကျန်းမာရေးကိုထောက်ရှုသောအားဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ဖယ်ရှားသန့်ရှင်းမှု ပြုလုပ်ပေးစေလိုကြောင်း ပြည်သူများထံမှ သိရသည်။
(ခရိုင် ပြန်/ဆက်)


No comments:

Post a Comment