Saturday, November 26, 2016

နမ္မတူတံတားကြံ့ခိုင်မှု စစ်ဆေးမည်ဖြစ်၍ ၃၆ တန်အောက်ယာဉ်သွားလာမှု ရပ်ဆိုင်း

Image may contain: cloud, sky, mountain, outdoor and nature
လားရှိုး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီ မြို့နယ် နမ္မတူတံတားအား တံတား ကြံ့ခိုင်မှုပြင်ဆင်ဆောင်ရွက်နေသောကြောင့် လားရှိုး-မူဆယ်လမ်းပိုင်းအား ယာဉ်+ကုန် (၃၆)တန်နှင့် အထက် ယာဉ်များသွားလာမှုကို နိုဝင်ဘာ ၂၅ ရက်မှစတင်၍ ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။
သိန္နီမြို့နယ် နမ္မတူတံတားအား ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ပြီး တံတား ပြင်ဆင်ပြီးစီးမည့်အချိန်ထိ ယင်းလမ်း ပိုင်းအား (၃၆)တန်နှင့် ယာဉ်+ကုန် အထက်ကားများကို သွားလာခွင့်ပေး မည်မဟုတ်ဘဲ ယာဉ်+ကုန် (၃၆)တန် နှင့် အောက်ကားများ ဖြတ်သန်းသွား လာနိုင်မည်ဖြစ်ကြောင်း (ရှမ်း-မြောက်)လားရှိုးမြို့ အမှတ်(၂ဝ) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယ ရဲမှူး မျိုးဆွေထံမှ သိရသည်။
ဟန်ဌေး(လားရှိုး)

No comments:

Post a Comment