
နေပြည်တော် နိုဝင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သော GIZ နှင့် SDC အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့မှ ဆရာ ဆရာမများအား သင်ကြားနည်းလမ်းဆိုင်ရာ သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား (Awarding Ceremony of Teaching Methodology Training (2015-2016) for TVET Teachers) ကို ယမန်နေ့ နံနက် ၉ နာရီ တွင် ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကဖြစ်ပြီး နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး (Technical and Vocational Education and Training-TVET) ကဏ္ဍသည်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက သော့ချက်တစ်ခုဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် TVET ပညာရေးကဏ္ဍသည် ပထမဦးစားပေးပညာရေးစနစ်ဖြစ်ပြီး TVET ပညာရေးကဏ္ဍ ရေရှည်တည်တံ့ရန်အတွက် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း။
နည်းပညာ၊ သက်မွေးပညာကျောင်းများမှ ဆရာ ဆရာမများ၏ သင်ကြားမှု၊ သင်ယူမှုဆိုင် ရာကျွမ်းကျင်မှုကို မြှင့်တင်ပေးခြင်းဖြစ်ပြီး Action Oriented Teaching and Learning Methods များနှင့် Lesson Plans များ ပြင်ဆင်ခြင်းများကို လက်ရှိသင်ကြားရေးစနစ်တွင် လက်တွေ့အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ သင်ကြားနည်းလမ်းဆိုင်ရာ သင်တန်း (Teaching Methodology Training) များ ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် GIZ Myanmar မှ Country Director , Dr. Petra Schill နှင့် Swiss for Development and Cooperation (SDC) မှ Counsellor and Deputy Director of Cooperation , Ms. Carin Salerno တို့က အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ အေးမြင့်က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာကဏ္ဍများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ရှင်းလင်းသည်။
ဆက်လက်၍ တာဝန်ရှိသူတို့က Co-Trainers လေးဦး၊ Master Trainers ၁ဝ ဦး၊ Multipliers တို့အား ဂုဏ်ပြုလက်မှတ်များနှင့် အစိုးရနည်း ပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်းများမှ ဆရာ ဆရာမ ၁၅ဝ တို့အား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment