
ပင်လုံ နိုဝင်ဘာ ၂၄
ပင်လုံမြို့ ရပ်ကွက်(၂) သစ်ခွလမ်း မြို့သစ်၌ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရှမ်းနှစ်သစ်ကူး နေ့အတွက် မီးပုံးပြုလုပ်ရန် သစ်သားဆုံအတွင်း ယမ်းများ ထောင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာများ ရရှိကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ရဲလင်းဦး(၁၈)နှစ်မှာ ဒဏ်ရာများ ရရှိသဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ပြီး ခွန်ကျော်ထွန်း (၃၆)နှစ်၊ နေလင်းဦး (၁၄)နှစ်၊ သန်းထွန်း (၁၅)နှစ်၊ ကောင်းထက်စံ (၁၅)နှစ်၊ သိန်းစိုး (၁၆)နှစ်၊ ခွန်ဦး (၁၆)နှစ်တို့မှာ ဒဏ်ရာအသီးသီး ရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment