Tuesday, November 1, 2016

ရန်ကုန်မြို့တွင်း၌ ကုန်သေတ္တာတင်ယာဉ်များညပိုင်း၌သာ သွားလာခွင့်ပြုမည်ဆိုသော်လည်း နိုဝင်ဘာ ၁ ရက်တွင် မစနိုင်သေး



Image may contain: sky, cloud, tree and outdoor
ရန်ကုန် အောက်တိုဘာ ၃၁
နိုဝင်ဘာ ၁ ရက်မှစ၍ ကုန်သေတ္တာတင်ယာဉ်များ အများပြည်သူသွားလာမှုများပြားသော နေ့ပိုင်းတွင် ရန်ကုန်မြို့တွင်း သွားလာမှုခွင့်မပြုဘဲ ည ၉ နာရီမှ နောက် တစ်နေ့ နံနက် ၆ နာရီအတွင်းသာ သတ်မှတ်ထားသော ခွင့်ပြုလမ်းကြောင်းအတိုင်းသာ သွားလာခွင့်ပြုမည်ဟု သတင်းမီဒီယာများတွင် ဖော်ပြပါရှိခဲ့သည်။
ယင်းသတင်းဖော်ပြချက်အရ နိုဝင်ဘာ ၁ ရက်တွင် ကုန်သေတ္တာတင်ယာဉ်များ နေ့ပိုင်းသွားလာမှုခွင့်မပြု သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကုန်သေတ္တာတင်ယာဉ် ပိုင်ရှင်အချို့ထံ အောက်တိုဘာ ၃၁ ရက် ညနေတွင် မေးမြန်းစုံစမ်းမှု ပြုလုပ်ခဲ့သည်။ ယင်းနေ့ပိုင်း သွားလာခွင့်မပြုသည့် အကြောင်းကြားခြင်းသည် နိုဝင်ဘာ ၁ ရက် တွင် စတင်မှုမပြုလုပ်သေး၍ ကုန်သေတ္တာတင်ယာဉ်များ နိုဝင်ဘာ ၁ ရက်တွင် နေ့ပိုင်းသွားလာခွင့်ရရှိသေးသည် ဟု ယာဉ်ပိုင်ရှင်တို့က ပြောကြားသည်။
နေ့ပိုင်း ကုန်သေတ္တာတင်ယာဉ်များ သွားလာခွင့် မပြုသည့်ဖြစ်စဉ်အပေါ် ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စများ ရှိသေးသဖြင့် ရက်ရွှေ့ဆိုင်းထားဟန် ဖြစ်နိုင်သည်ဟု ပြောဆိုမှုရှိသည်။
နိုဝင်ဘာ ၁ ရက်မှ စတင်အကောင်အထည်ဖော်မည့်ယာဉ်မောင်းများ ခါးပတ်ပတ်မောင်းနှင်ရန် စီမံထားမှုနှင့်ပတ်သက်၍ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းတွင် လှိုင်သာယာမှ ရန်ကုန်မြို့တွင်းသို့ မောင်းနှင်လာသော အငှားယာဉ်အမှတ် 6H\.....၏ ရှေ့ခန်းတွင် ယာဉ်မောင်း အပါအဝင် ရှေ့ခန်းစီးခရီးသည်ပါ ထိုင်ခုံခါးပတ် ပတ်ထားသည်ကို မြင်တွေ့ရသည်။
ထိုင်ခုံခါးပတ်ပတ်ထားခြင်းကြောင့် ယာဉ်အန္တရာယ်ကြုံတွေ့ရချိန် ခါးပတ်ကြိုးတင်းလာသဖြင့် လူ့ခန္ဓာကိုယ်မှာ ထိုင်ခုံနောက်မှီတွင် ကပ်နေခြင်း၊ ယာဉ်ရှေ့ခန်းထိုင်ခုံရှေ့မှ လေအိတ် များဖွင့်၍ လူထိခိုက်မှုသက်သာရာ ရခြင်းတို့ကြောင့် ယာဉ်စီးနင်းသူ၊ ယာဉ်မောင်းနှင်သူများအနေဖြင့် သက်ဆိုင်ရာမှ ထိုင်ခုံခါးပတ်ပတ်ထား ခြင်း ရှိ၊ မရှိ စစ်ဆေး မှုရှိချိန်သာမက ယာဉ်မောင်းနှင်ချိန်တိုင်း ယာဉ်ပေါ်ပါသူများ ထိုင်ခုံခါးပတ် ပတ်ထားသင့်သည်ဟု ရွှေပြည်သာမှ ယာဉ်မောင်း တစ်ဦးက ပြောသည်။
(မောင်စေအောင်)

No comments:

Post a Comment