Wednesday, November 2, 2016

တတိယအကြိမ် အိုးအိမ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုညီလာခံသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်



Image may contain: 1 person , screen and indoor
နေပြည်တော် နိုဝင်ဘာ ၁
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက်မှ ၂ဝ ရက်အထိ အီကွေဒေါနိုင်ငံ ကွီတိုမြို့ တွင် ကျင်းပသည့် Habitat III United Nations Conference on Housing and Sustainable Urban Development တတိယအကြိမ် အိုးအိမ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုညီလာခံသို့ တက်ရောက်သည်။
ပြည်ထောင်စု ဝန်ကြီးသည် အောက်တိုဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် Habitat III ညီလာခံဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။ ဖွင့်ပွဲ အခမ်းအနားတွင် အီကွေဒေါနိုင်ငံ သမ္မတနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တို့က မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ဝန်ကြီးသည် UN-Habitat ၏ (International City Leader) Regional Meeting သို့ တက်ရောက်ဆွေးနွေးပြီး အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် UN-Habitat ညီလာခံသို့ တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူနေမြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ကုလသမဂ္ဂမှ ချမှတ်မည့် New Urban Agenda ပါ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်မည့် အစီအစဉ်များ ပါဝင်သည့် National Statementကို ဖတ်ကြားတင်သွင်းသည်။
ထို့နောက် Roundtable "Adequate and Affordable Housing" High-Level ဆွေးနွေး ပွဲသို့ တက်ရောက်ပြီး နိုင်ငံတကာမှ ပြသသည့် ပြခန်းများသို့ ဝင်ရောက် ကြည့်ရှုလေ့လာသည်။ အောက်တိုဘာ ၁၉ ရက်တွင် နယ်သာလန်အစိုးရ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာသံအမတ်ကြီးမှ ဖိတ်ကြားသည့် မြစ်ဝကျွန်းပေါ်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး "Net Work" ဆွေးနွေးပွဲသို့ တက်ရောက်သည်။ ညနေပိုင်းတွင် UN-Habitat ၏ ဒုတိယအကြီးအကဲမှ ကြီးမှူး ကျင်းပသော အဆင့်မြင့်ပုဂ္ဂိုလ်များ ပါဝင်သည့် "Implementing The New Urban Agenda at All Level and All Actors" High-Level Roundtable ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးသည် အောက်တိုဘာ ၂ဝ ရက် နံနက်ပိုင်းတွင် UN-Habitat ၏ အကြီးအကဲ Executive Director Dr. John Clos နှင့် တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် ONE UN Pavilion ပြခန်း၌ ကျင်းပသည့် UN-Habitat ၏ Urban Planning and Design Lab အစီအစဉ်အဖြစ် ထုတ်လုပ်သော စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။ UN-Habitat မှ မြို့ပြသုတေသန လုပ်ငန်းအစီအစဉ်အဖြစ် နိုင်ငံငါးနိုင်ငံတွင် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရန်ကုန်၊ ထန်းတပင်(လှိုင်သာယာ) မြို့ပြ စီမံကိန်းအား နယ်သာလန်နိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အစီအစဉ်လည်းပါဝင်ပြီး UN-Habitat ၏ Urban Planning Principle များကို အသုံးပြု၍ မြို့ပြတိုးချဲ့ရေး စီမံကိန်းများတွင် အခြေခံအဆောက် အအုံလိုအပ်ချက်များအတွက် မြေနေရာများ လျာထားနိုင်ရန် အဆင့်ဆင့် စီမံကိန်းရေးဆွဲခြင်း နည်းစနစ်များကို လုပ်ငန်းခွင်သင်ကြားရေး အစီအစဉ်များဖြင့် မြန်မာနိုင်ငံမှ မြို့ပြစီမံကိန်းရေးဆွဲသူများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အီကွေဒေါနိုင်ငံ ကွီတိုမြို့မှ လေယာဉ်ဖြင့် ထွက်ခွာပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့သို့ ရောက်ရှိခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment