Thursday, November 3, 2016

နယ်ပယ်စုံတွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး



Image may contain: 4 people , indoor
နေပြည်တော် နိုဝင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen.Xu Qiliang နှင့် ယမန်နေ့ ညပိုင်းတွင် ကျောက်ယုထိုင်နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူလူထု လူနေမှုဘဝမြှင့်တင်ရေး၊ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များနှင့် အဆင့်အလိုက် အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရေး၊ လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်ပယ်စုံတွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေးကြသည်။
ယင်းနောက် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment