Friday, November 25, 2016

ဥရောပပါလီမန်ဥက္ကဋ္ဌ မာတင်ရွှတ်ဇ်ဂျာမနီနိုင်ငံရေးလောကသို့ ပြန်သွားမည်



Image may contain: 1 person , beard
ဘရပ်ဆယ် နိုဝင်ဘာ ၂၄
ဥရောပ ပါလီမန်ဥက္ကဋ္ဌ မာတင်ရွှတ်ဇ် သည် နောက်ရာထူးသက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ထုတ်ဖော်ပြောကြားကြောင်း၊ ရွှတ်ဇ်သည် ဂျာမနီနိုင်ငံရေး လောကသို့ ပြန်သွားရန် ရည်မှန်းကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။
ဥရောပသမဂ္ဂ(အီးယူ)၏ ဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံနိုင်ရေးအတွက် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း၊ ဂျာမနီဖက်ဒရယ် ပါလီမန်၌ အမတ်တစ်ဦးအဖြစ် ရွေးချယ် တင်မြှောက်ခံနိုင်ရေးအတွက် လာမည့်နှစ်တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရွှတ်ဇ် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရွှတ်ဇ်သည် နိုင်ငံခြားရေးဝန်ကြီး ထရန့်ဝေါ်လ်တာ စတိန်းမီယာ၏ ရာထူးနေရာကို ဆက်ခံဖွယ်ရှိသည်ဟူ၍လည်းကောင်း၊ ကွန်ဆာဗေးတစ် အိန်ဂျလာမာကဲလ်အား စိန်ခေါ်မည့် ဆိုရှယ်ဒီမိုကရက် ကိုယ်စားလှယ်လောင်းဖြစ်လာနိုင်သည်ဟူ၍လည်းကောင်း ထင်ကြေးပေးပြောဆိုနေမှု များနှင့်ပတ်သက်၍ ရွှတ်ဇ်က မှတ်ချက်ပေး ပြောကြားခြင်းမရှိပေ။
ရိုက်တာ။

No comments:

Post a Comment