Wednesday, November 2, 2016

နယ်မြေတည်ငြိမ်အေးချမ်းလာ၍ နေရပ်စွန့်ခွာတိမ်းရှောင်သူများ နေရပ်အသီးသီးသို့ပြန်



Image may contain: 9 people
စစ်တွေ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲကင်းစခန်းနှင့် ငါးခူရ နယ်မြေရုံး တို့သို့ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်း ဖက်သမားများက အလစ်အငိုက်ရယူ၍ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်ငယ် မျိုးစုံ၊ ကျည်မျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။
ယခုအကြမ်းဖက်ဖြစ်စဉ်သည် ၎င်းဒေသတွင် အများစုရောက်ရှိနေထိုင်လျက်ရှိသော အစ္စလာမ် ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖက် ဝါဒတိုးမြင့်လာစေရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သောအဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်သည်ဟု စစ်ဆေးဖော်ထုတ်ရရှိ ခဲ့ကြောင်းနှင့် ပြည်ပရှိ အကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက်အားပေး လူပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုများ ရယူကာ အချိန်ယူပြင်ဆင်ပြီး စနစ်တကျ စီစဉ်ဆောင် ရွက်ခဲ့သော အကြမ်းဖက်မှုဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး၏ အောက်တိုဘာ ၁၄ ရက် သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားပြီးဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိလာခဲ့ကြရာမှ ယခုအခါ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်မှုများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုများ ရရှိလာပြီဖြစ်၍ မိမိတို့ ဆန္ဒအလျောက် ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာနေကြပြီဖြစ်သည်။
စစ်တွေမြို့ ဓညဝတီဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမှ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ဒေသခံ ၁ဝဝ ခန့်မှာ ၎င်းတို့ဆန္ဒအလျောက် ယနေ့တွင် အမြန်ရေယာဉ်ဖြင့် စစ်တွေမြို့မှ ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ထွက်ခွာကြရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိ သူများက ပို့ဆောင်နှုတ်ဆက်အားပေးခဲ့ကြသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများက ငွေကြေးနှင့် စောင်၊ ခြင်ထောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
စစ်တွေမြို့ဓညဝတီဘောလုံးကွင်း၌ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူ ၈ဝဝ ခန့်အထိ ရှိခဲ့ရာမှ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှုများ ရရှိလာပြီဖြစ်သောကြောင့် ၎င်းတို့ဆန္ဒအလျောက် နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာလျက်ရှိရာ ယခုအခါ ဓညဝတီကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည် ၁ဝဝ ခန့်သာ ကျန်ရှိတော့ကြောင်း၊ အဆိုပါကယ်ဆယ်ရေးစခန်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူများတည်းခိုနေထိုင်နိုင်ရန် ယခင်က ကယ်ဆယ်ရေးရွက်ဖျင်တဲ ၃၆ လုံးဆောက်လုပ် ပေးထားရှိရာမှ ယခုအခါ မလိုအပ်တော့သည့် ရွက်ဖျင်တဲများကို ပြန်လည်ဖြုတ်သိမ်းလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment