Wednesday, November 2, 2016

တရုတ်နိုင်ငံ၏ အကြီးဆုံးလေကြောင်းပြပွဲတွင်ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ်ကို ပြသ



Image may contain: sky
ပေကျင်း နိုဝင်ဘာ ၁
တရုတ်နိုင်ငံက ထုတ်လုပ်သည့် ခေတ်မီနည်းပညာသုံး ကိုယ်ပျောက် တိုက်လေယာဉ် အမျိုးအစားသစ်ဖြစ်သည့် ချန်ဒူး ဂျေ-၂ဝ လေယာဉ်ကို နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသည့် လေကြောင်းပြပွဲတွင် အများပြည်သူ တို့အား ပထမဆုံးအကြိမ် ခင်းကျင်းပြသခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
တရုတ်နိုင်ငံတွင် ပြသဖူးသမျှ လေကြောင်းပြပွဲများအနက် အကြီးကျယ်ဆုံး လေကြောင်းပြပွဲကို နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ် ကျူဟိုင်းမြို့တွင် ကျင်းပလျက်ရှိသည်။
မြို့ပြလေကြောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကား မြှင့်တင်နိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်လျက် လေကြောင်းပြပွဲကို ပြုလုပ်ခြင်းဖြစ် သည်။ တရုတ်နိုင်ငံသည် လာမည့် ဆယ်စုနှစ်အရောက်တွင် ကမ္ဘာ့အကြီးဆုံး မြို့ပြလေကြောင်း ဈေးကွက်တည်ရာ နိုင်ငံအဆင့် အတန်းကို အမေရိကန်ပြည်ထောင်စုထံမှ လွှဲပြောင်းယူရန် တာစူလျက်ရှိသည်။
တရုတ်နိုင်ငံ၏ ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းသုံး လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းကလည်း အရပ်ဘက်သုံး လေယာဉ်သစ်များကို ခင်းကျင်းပြသသည်။
တရုတ်နိုင်ငံသည် လာမည့် ဆယ်စုနှစ် နှစ်စုတာကာလအတွင်း ကမ္ဘာ့လေယာဉ်ဝယ်လိုအား၏ ငါးပုံ တစ်ပုံနီးပါးကို ကိုယ်စားပြုသည့် နိုင်ငံအဖြစ် မြို့ပြလေကြောင်း ဈေးကွက်ကြီး တည်ရှိလာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
ရိုက်တာ။

No comments:

Post a Comment