Tuesday, November 1, 2016

ရီးယဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူလိုက်တဲ့ ဂါရတ်ဘေးလ်

Image may contain: 1 person
ရီးယဲလ်မက်ဒရစ်ကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းနဲ့ ၂ဝ၂၂ ခုနှစ် အထိ သက်တမ်းရှိ စာချုပ်သစ်ကိုချုပ်ဆိုဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း အင်ဒီပန်းဒန့်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ရီးယဲလ်ရဲ့ အသက် (၂၇)နှစ်အရွယ် ရှေ့တန်းကစားသမားတစ်ဦးဖြစ်တဲ့ ဘေးလ်ဟာ ၂ဝ၁၃ ခုနှစ်က စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရီးရဲကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စပိန်ကို ရောက်ပြီးနောက်မှာ ဘောလုံးရာသီသုံးရာသီအတွင်း ချန်ပီယံလိဂ်ဆုဖလား နှစ်ကြိမ်ရရှိထားပြီး ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ရပ်တည် နေသူလည်း ဖြစ်ပါတယ်။
သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဘေးလ်ရဲ့ မူရင်း တစ်ပတ်လုပ်ခဟာ ပေါင် ၆ဝဝဝဝဝ ဖြစ်ပြီး အခွန်ဆောင်ပြီး အသားတင် လစာတောင် တစ်ပတ်လုပ်ခပေါင် ၃၅ဝဝဝဝ ဖြစ်တယ်လို့ သိရပါတယ်။ဘေးလ်ဟာ ပြီးခဲ့တဲ့နှစ်က ခြေသလုံးဒဏ်ရာကြောင့် ပုံစံကောင်းတစ်ရပ် ပျောက်ဆုံးပြီး ဝေဖန်မှုခံခဲ့ရပေမယ့် နည်းပြဇီဒန်းလက်ထက်မှာတော့ အကောင်းဆုံး ခြေစွမ်းတစ်ရပ်ကို ပြန်လည်ရရှိနေသူလည်း ဖြစ်ပါတယ်။
မေလဲ့သင်း၊ ခင်ခင်သက်

No comments:

Post a Comment