Sunday, November 27, 2016

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်



Image may contain: 5 people , people smiling
ရန်ကုန် နိုဝင်ဘာ ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
ငြိမ်းချမ်းရေးကော်မရှင်အကြံပေးဦးလှမောင်ရွှေက ''တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က လွန်ခဲ့တဲ့တစ်လလောက်ကတည်း ကဖိတ်ကြားလို့ သွားတာပါ။ ငြိမ်းချမ်း ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းခေါင်းဆောင်ပြီး JMC က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်လည်း ပါတယ်။
ရှမ်းမြောက် ကိစ္စတွေအတွက် အထောက်အကူပြုမလားဆိုတော့ ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့က အစိုးရကချမှတ်ထားတဲ့ ပေါ်လစီနဲ့ မူဘောင်ထဲက ဆောင်ရွက်မှာပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က NRPC ရဲ့ ဥက္ကဋ္ဌပါ။ နိုင်ငံတော် အတိုင်ပင်ခံထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ ငြိမ်းချမ်းရေးအတွက်အစိုးရ ရဲ့ ပေါ်လစီပါပဲ''ဟု ပြောကြားသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်တွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ အကြံပေးအဖွဲ့ဝင်နှင့် အထောက်အကူပြု အဖွဲ့ဝင်များ လိုက်ပါသွားကြသည်။
သတင်း-ရဲခေါင်ညွန့် 
ဓာတ်ပုံ-Peace Commission

No comments:

Post a Comment